အတောင်မစုံခင် ငှက်ဇင်ယော်ရယ်
ပျံချင်စိတ်နဲ့ လေထုကို သူသရော်တယ်
လေအစုန်မှာ ရီးလေးခိုလို့
ပျော်မိခဏပေါ့....။
အခက်အခဲဆိုတာ လက်တစ်ကမ်းမှာ
သူမသိသေး အဖေါ်တွေဝေးမှ
အသိတရားဝင် ဝေဟင်ကိုပျံအသင်မှာ
လေအဆန်က မညှာတာတော့
သူရွာလည်တာပေါ့...။
သင်္ခန်းစာတွေ ဘ၀ကပေးပြီ
သူသိပြီလေ...။
အချိန်မနှောင်းခင် အပျံသင်
အရာရာကိုမာန်လျှော့လို့ အသိတရားအောက်သူခိုဝင်
အလိုက်သိစွာ ပြုပြင်ရင်းပျံသန်း
ပျံသန်းရင်း ကြိုးစားသင်ယူ
သင်ယူရင်း သည်းခံတော့
လှပပြီး ပြည့်စုံတဲ့ တောင်ပံတစ်စုံ
သူပိုင်ပြီပေါ့.....။
No comments:
Post a Comment