1. 1. 1.

Sunday, December 4, 2011

ဒီလှိုင်း

ပင်လယ်မှ အစချီ ဒီလှိုင်းဖြစ်တည်
ဒီလှိုင်းအစ မလှပ
လှပဒီလှိုင်း ဖြစ်ဖို့က
အတားအစီးများဖြင့် ခက်လှ၏...။


လှပတဲ့ ရေလှိုင်း ဖြစ်လာဖို့အတွက်
ခက်ခဲမာကျောတဲ့ ကျောက်ဆောင်တွေ
ကျောက်တောင်တွေနဲ့ ကျောက်ခဲတွေကို
ရဲဝံ့စွာ တိုက်ခိုက်ပြီးတော့မှ
ဖြစ်လာခဲ့ရတာပါ...။

ဘ၀တစ်ခု အစပြုမှာ
အကောင်း အဆိုးနှစ်မျိုးတွဲလို့
အခက်အခဲကို ရင်ဆိုင်ဖြေရှင်း
ရိုးသားစွာ ခရီးဆက်ပေါ့...။

အရာရာကို သည်းခံရင်းခွင့်လွှတ်
ခွင့်လွှတ်ရင်း နားလည်မှုတွေနဲ့
လောကဓံရဲ့ ဒုက္ခတွေကို
အသိတရားနဲ့ဖြေရှင်းအနိုင်ယူမှ
ရေလှိုင်းအသွင်က ဂုဏ်ယူစွာနဲ့ 
လှပတော့၏...။

No comments:

Post a Comment