1. 1. 1.

Saturday, December 3, 2011

ခဏလေးပါပဲ.....

ရှုပ်ထွေးလှတဲ့ လောကကြီးမှာ
မထင်မှတ်ပဲ ဆုံတွေ့ခဲ့တာ
ခဏတာပါ...

စိတ်ညစ်နေတဲ့ အချိန်တိုင်းမှာ
ဟာသဓါတ်နှော နင့်အပြောကြောင့်
ပျော်ခဲ့တာလည်း ခဏလေးပဲ...

အချိန်တိုင်းမှာ သတိရလို့
ဝိုးတ၀ါး အတိတ်ကို ပြန်ကာအောင့်မေ့
တမ်းတမိလည်း ခဏလေးပဲ....

ငါ့ဘေးခဏ နင်ရှိတုန်းက
ပျော်စရာအတွေး တူယှဉ်တွေးလို့
ကြည်နူးချိန်လေး ရခဲ့ဖူးတယ် ခဏပဲကွယ်....

သြော်.......
နောက်ဆုံးတော့လည်း
“ခဏလေးပါပဲ” ဆိုတဲ့ စကားငါးလုံးနဲ့
ရှေ့ဆက်ရမယ့် ဘ၀ခရီးလမ်းက
စိတ်ပျက်စရာတွေနဲ့ပါလားနော်.....။

No comments:

Post a Comment