1. 1. 1.

Wednesday, December 7, 2011

စွမ်းအား

ငါ့ကို ကာကွယ်စောင့်ရှောက်ဖို့
ငါ့ပတ်လည်မှာ ခိုင်ခံ့တဲ့နံရံတွေရှိခဲ့
နင် ငါ့ကို ပြောခဲ့တဲ့ စကားလုံးတွေနဲ့
တည်ဆောက်ထားတာပေါ့...။

ငါ့အတွက် လုံခြုံအောင် 
ငါ့ပတ်လည်မှာ တံတိုင်းတွေရှိရဲ့
နင့်နှုတ်ခမ်းရဲ့ အနမ်းတွေပေါ့...။

ငါ့အန္တရာယ်ကို ကာကွယ်ဖို့
ငါ့ရှေ့မှာ ဒိုင်းလွှားရှိရဲ့
ငါနဲ့ အန္တရာယ်ကြားမှာရှိတဲ့
နင့် လက်မောင်းတွေရဲ့ အရိပ်ပေါ့...။

ငါ့စိတ်ရဲ့ ဆန္ဒတွေအားလုံးဟာ
နင့်နာမည်ကို သိနေရဲ့

ပြီးတော့ ငါ့နှလုံးသားရဲ့
အဖြူရောင် ဆန္ဒတွေ
သူတို့ဟာ နင့်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပေါ့...။

ပြီးပြည့်စုံမှုအတွက်
ငါ့ရဲ့ ခေါ်သံ နင့်ကိုခေါ်လိုက်တဲ့အသံ
ငါ့သွေးခုန်သံက နင့်နာမည်ကို 
စည်းချက်လိုက်တယ် မရပ်မနား အညှာတာမဲ့
နင့် နာမည်၊ နင့် နာမည်ကိုပေါ့...။

No comments:

Post a Comment