1. 1. 1.

Wednesday, December 7, 2011

အချစ်ဦး

အချစ်ဆန္ဒသည် ပြင်းထန်၏ ရှုပ်ထွေး၏ ထို့ကြောင့်အချစ်တွင် ကလေးဆန်ဆန်အစိတ်အပိုင်းတစ်ရပ် ပါရှိနေသည်။ ကိလေသာနှင့်ပတ်သက်သောအချစ်မျိုးကြုံရသောအခါ ယခင်ကရှိခဲ့ဖူးသည့် အပြစ်ကင်းမဲ့မှုမျိုးကို ပြန်လည်တောင့်တမိတက်သည်။ အချို့က အချစ်ကို ရိုးသားသန့်စင်သော နူးညံ့သိမ်မွေ့လှသောအရာအဖြစ် ဆက်လက်ရယူသွားလိုကြသည်။ 

        မိဘများကရံဖန်ရံခါ အရွယ်ရောက်စသားသမီးငယ်တို့အား ဖြူစင်သန့်ရှင်းသော အချစ်မျိုးဖြင့်သာ နေထိုင်သွားစေလိုကြသည်။ ခရစ်နှစ် နှစ်ရာစုတွင် ရောမစာရေးဆရာ Apuleius က Cupid နှင့် Psyche တို့အကြား မေတ္တာဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခဲ့သည်။ Psyche သည် အလွန်လှပသည်။ Venus နတ်သမီးကပင် မနာလိုဝန်တိုခဲ့ရသည်။ Psyche ထံသို့ ညဘက်ရောက်တိုင်း သိမ်မွေ့ယဉ်ကျေးသော မွှေးရနံ့ရှင်လုလင်ပျိုတစ်ဦး အလည်ရောက်လာတက်၏ မည်သူမည်ဝါဖြစ်သည်ကိုမူ Psyche သိခွင့်မရချေ။ Psyche ၏ညီမများက ကောက်ကျစ်စဉ်းလဲလှသည်။ ညဘက်လုလင်ပျိုအိပ်နေစဉ် ချောင်းကြည့်ရန် Psyche အားတိုက်တွန်းကြသည်။ အတောင်ပံတပ် သတ္တဘာဂ ဖူးစာရေးနတ်သားကလေးဖြစ်နေကြောင်း တွေ့ရသည်။ သူ့တွင် မြှားနှစ်စင်းပါလာရာ Psyche က ယူကစားရင်း မြှားစူးသွားသည်။ သွေးများထွက်လာသည်။ မီးတိုင်ဖြင့်ငဲ့ကြည့်ရာ လုလင်ပျိုပခုံးပေါ်သို့ ဖိတ်ကျသည်။ လုလင်ပျိုနိုးသွားပြီးထွက်ပြေးသည်။ သို့ရာတွင် ဇာတ်သိမ်းတွင် နှစ်ဦးသားပျော်ရွှင်စွာ ပေါင်းဖက်ရသည်။ Psyche သည်စမ်းသပ်မှုအမျိုးမျိုးနှင့်ကြုံရသည်။ အသေကောင်ကဲ့သို့ သတိလစ်သွားခဲ့ရှာသည်။ သတ္တဘာဂလုလင်လည်း လာရောက်ကယ်တင်သည်။ Psyche သည် လူသာမှမွေးဖွားသော လူသားတစ်ဦးဖြစ်သည်။ သို့ရာတွင်နတ်ဖုရားများနှင့် တွေ့ဆုံနေထိုင်ခွင့်ရသည်။ ချစ်သူသတ္တဘာဂလုလင်နှင့် ဖူးစာဆုံခဲ့ရသည်။ 
          Cupid နှင့် Psyche တို့၏အချစ်မှာ ကျား ကျားခြင်း မ မချင်း ချစ်ကြသကဲ့သို့ တစ်ဦးနှင့်တစ်ဦး လှပပုံချင်းတူ ကျက်သရေရှိပုံခြင်းတူပြီး ရိုးသားဖြူစင် ချစ်ခင်ခဲ့မိပုံကို ရည်ညွှန်းလိုဟန်ရှိသည်။ တစ်ဦးနှင့်တစ်ဦး ဘာမျှသိသိသာသာ ကွဲပြားခြားနားမှုမရှိကြောင်း တွေ့ရှိခဲ့ကြသော ငယ်ရွယ်သူချစ်သူနှစ်ဦး၏ လက္ခဏာပုံရိပ်အဖြစ် မှတ်ယူနိုင်ပေသည်။

No comments:

Post a Comment