1. 1. 1.

Wednesday, December 14, 2011

ကြယ်တွေစုံတဲ့ည

ထူးအိမ်သင်ရဲ့ သီချင်းလေးပါ

ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးငယ်...
ကြယ်တွေစုံတဲ့ည ဘ၀မျှော်လင့်ခြင်းရယ်...
ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့ သီချင်းတွေလည်း...
ရင်တွေကွဲသွားအောင် ဆိုနေဦးမယ်..........။

ကြယ်တွေစုံတဲ့ည အဝေးအိမ်ကိုလွမ်းတယ်...
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေခြားစဉ်...
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့ နေ့တွေလည်း...
ကျော်လွန်သွားခဲ့ရင် အတူပြန်ဆုံဦးမယ်........။

နာကျဉ်စွာတစ်ယောက်တည်း တရေးနိုးတဲ့ညတို့ မှောင်နေဆဲ...
အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့..နိုး....
အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ပေးပါကွယ်
ကြယ်ပွင့်လေးရေ ငါ့ရဲ့အကြောင်းတွေ.......။

ကြယ်တွေစုံတဲ့ည ထပ်ကြုံရအုံးမယ်...
ကြယ်တွေတစ်ကယ်စုံတဲ့ည လှနေမှာပေါ့ကွယ်...
နေညိုညိုလမ်းလေးထက် နေ့စဉ်စောင့်နေတယ်...
မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်ညရယ်..........။ 


No comments:

Post a Comment