1. 1. 1.

Tuesday, December 20, 2011

ဆုတောင်းပေးမယ်

မျက်ရည်များနဲ့ ရယ်နေတဲ့
ညကောင်းကင်ကိုလေ
အဝေးကနေ ငေးကြည့်ရင်းပေါ့
ငါဆုတစ်ခု တောင်းပေးပါတယ်
လင်းလက်တဲ့ကြယ်အပေါင်းနဲ့ အမြဲပျော်ပါစေလို့ပေါ့.....။

လွမ်းဆွေးပြီး အထီးကျန်စွာ
မှောင်မိုက်နေတဲ့ ညလေးကိုလေ
ကြေကွဲစွာနဲ့ အဖေါ်ပြုရင်းပေါ့
ငါလေဆုတစ်ခု တောင်းပေးပါတယ်
လမင်းလေး အမြဲသာပါစေလို့ပေါ့.....။
  
အချစ်စွမ်းအားများနဲ့ ကျယ်ပြောတဲ့ကောင်းကင်ဆီကိုလေ
ပျံသန်းဖို့ကြိုးစားနေတဲ့  ချစ်သူတွေကို
 ငါလေမြင်တော့ ဆုတစ်ခုတောင်းပေးပါတယ်
လှပတဲ့တောင်ပံလေးများ ထာဝစဉ်ပိုင်ဆိုင်နိုင်ပါစေလို့ပေါ့......။

ပျော်ရွှင်စွာကြည်နူးနေတဲ့ ချစ်သူတွေကိုလေ
ငေးကြည့်နေရင်းနဲ့ပေါ့ 
ငါလေဆုတစ်ခု တောင်းပေးပါတယ်
ပန်းခင်းသောလမ်း အမြဲလျှောက်လှမ်းနိုင်ကြပါစေလို့ပေါ့....။

လှောင်အိမ်ထဲက ငှက်ငယ်လေးရယ်လေ
ဝမ်းနည်းစွာနဲ့ နင့်စကားသံကို
သိနေသလို စိတ်ထဲမကောင်းသမို့
ငါလေဆုတစ်ခု တောင်းပေးပါတယ်
နင်လေအမြန်ဆုံး လွတ်လပ်ပါစေ...
ပျော်စရာတွေ ပိုင်ဆိုင်ပါစေလို့ပေါ့.....။

No comments:

Post a Comment