1. 1. 1.

Wednesday, December 14, 2011

နွမ်းလျှနှလုံးသား

ပျော်ရွှင်မှုဆိုတာ ခဏတာ
ရယ်မောစရာ တဒင်္ဂပါ
ဝမ်းနည်းဖွယ်ဆိုတာ တည်တံ့လို့
ဘ၀ဟာကင်းပျောက်
နှင်းပေါက်ကလေးလိုပါပဲလေ...။

အချိန်တွေကြာညောင်း 
ကြယ်အပေါင်းလည်း စောင့်ကြည့်နေ
ငြိမ်သက်ဘိ လေပြေညှင်း
ငါ့ရင်မှာတိတ်ဆိတ်လို့
နှလုံးသားလေးလည်း လေးလံနေ...။

အာရုံတွေ နေ့နဲ့ည
အနှစ်သာရတွေ ကင်းပျောက်
မျှော်လင့်ချက်များ အချည်းနှီး
ဆုံးရှုံးကုန်ပြီလေ...။

စောင်းကြိုးတွေ လျော့ရင်တင်းလို့
 တင်းလွန်းရင် သံမှန်ညှိ
ရင်ကိုထိတဲ့ ကဗျာတစ်ပုဒ်
အားထုတ်တဲ့ နေ့ရက်များ
ကုန်သွားပြီလေ...။

ဘ၀မှာ ဆုံးရှုံးမှုတွေ့ကြုံတိုင်းကွယ်
နှလုံးသားလေး မောပန်းလို့နေ
နင့်ရင်ခွင်ကို မှီခိုလို့
အားခဲရပ်တည်ခွင့် ပေးသနားလေ...။

No comments:

Post a Comment