1. 1. 1.

Tuesday, December 6, 2011

တန်ဖိုးရှိလှ မိန်းမသားတို့ဘဝ

ကျမ ဒီဆောင်းပါးလေးကို ရေးချင်နေတာကြာပါပြီ အလုပ်ကများနေတာနဲ့ ပြီးတော့ ရေးသင့်မရေးသင့်ပေါ့ စဉ်းစားနေတာ... ကျမရဲ့အနီးမှာ ကျမရဲ့ ပတ်ဝန်းကျင်မှာ တွေ့နေ၊ မြင်နေ၊ ကြားနေရတာဟာ အင်မတန်မှ အကျဉ်းတန်လှပါတယ်။ ကျမတို့ မိန်းမသားတွေက ယောက်ျားတွေနဲ့ယှဉ်ရင် အားနည်းချက်တော့ရှိကြပါတယ် ဒါကိုတော့လက်ခံပါတယ် ဒါပေမယ့် အဲ့ဒီမဖြစ်စလောက် အားနည်းချက်ဆိုတာကို ကျမတို့ မေ့ထားကြရင်မကောင်းဘူးလားရှင့်.. ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်က မိန်းမသားဆိုပေမယ့် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီ ရုန်းကန်ရတာပဲလေ...။ထူးချွန်ထက်မြတ်ပြီး အောင်မြင်ကျော်ကြာတဲ့ မိန်းမသားတွေက ဟိုးအရင်ကတည်းက ရှိလာခဲ့ကြတာပဲနော် ဒါဆို ဘာဖြစ်လို့ အားငယ်နေရမှာလည်း ကိုယ့်အားကိုယ်ကိုးပြီးတော့
ကြိုးစားကြမယ်လေ။ ယောက်ျားလေးတွေမှာလည်း ခြေ၊ လက်ပါသလို ကျမတို့ မိန်းမသားတွေမှာလည်း လက်၊ ခြေ အစုံပါတာပဲ မေမေ တွေက ကျမတို့ကို မွေးကတည်းက ပေးခဲ့တဲ့ကိုယ်ပိုင် စွမ်းအားတွေကို အပြည့်အ၀ အသုံးချခွင့်ရှိတာပဲနော် တန်ဖိုးမဖြတ်နိုင်တဲ့ မေမေပေးတဲ့စွမ်းအင်တွေနဲ့ပေါ့ ဘ၀ကို တန်ဖိုးရှိရှိနဲ့ ဖြတ်ကျော်ရင်ဆိုင်ကြရအောင်လား...။မွေးကတည်းကတော့ ဘယ်သူမှ တက်သိလာတာမဟုတ်ပါဘူး။ လေ့ကျင့်ပြီးသင်ယူ၊ သင်ယူပြီးကြိုးစား၊ ကြိုးစားရင်းနဲ့မှ ယုံကြည်မှုနဲ့ ဘ၀ရဲ့သင်္ခန်းစာတွေကြားမှာ အောင်မြင်မှုတွေရရှိခဲ့ကြတာပဲနော်..။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀နဲ့ ကြိုးစားမှ အောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။ ကျမရဲ့ လက်စွဲဆောင်ပုဒ်လေးပေါ့ “ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်တာလုပ် ဟုတ်တာပြော” ဆိုတာပေါ့...။ ဒီဆောင်ပုဒ်လေးက ကျမတို့ငယ်ငယ်လေးကတည်းက ခေါင်းထဲမှာစွဲနေအောင် ဆုံးမသွန်သင်ပေးလာခဲ့တဲ့ မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်လေ။ အလုပ်မှာ လွယ်ကူသက်သာတဲ့အလုပ်ဆိုတာ ရှိတာမှမဟုတ်ပဲနော်..။ အရမ်းကို အပင်ပန်း အဆင်းရဲခံပြီး ကြိုးစားရတာလေ အလုပ်မှာ “ ခါးသောအမြစ်ရှိသော်လည်း ချိုသောအသီးရှိ၏ ” တဲ့လေ။ အရိပ်ကိုလိုချင်ရင် အပူကစောင့်ရမှာပေါ့ ဒါမှလည်း တန်ဖိုးရှိတဲ့ ဘ၀တစ်ခုရဲ့ အောင်မြင်မှုပန်းတိုင်ကို ပိုင်ဆိုင်ရမှာ မလွဲမသွေပဲလေနော့်။
           အခုချိန်မှာ စပွန်ဆာဆိုတာ အရမ်းခေတ်စားနေတာနော်  ကောင်မလေးတွေကလည်း ဒီစပွန်ဆာကြောင့် ကိုယ့်ကိုယ်ကို အားမကိုးကြတော့ဘူး လွယ်လွယ်ပဲ ဘ၀ကို ရီးလေးခိုပြီး လိုက်ကြတယ်။ ကိုယ့်ကိုယ်ကိုလည်း အားမကိုးတော့ဘူး စပွန်ဆာဆိုလို့ကတော့ ဘာကြီးပဲဖြစ်နေဖြစ်နေဘ၀ကို စတေးလိုက်ကြတယ်။ စပွန်ဆာလုပ်တဲ့လူကလည်း စပွန်ဆာလုပ်ခွင့်ရရင် ဘာဂုဏ်သိက္ခာ၊ ဘာမျက်နှာမှကို မထောက်ကြပါဘူး။ အရမ်းကို အရုပ်ဆိုးလွန်းလှပါတယ်။ တစ်ချို့ဆို မိဘကိုတောင် ဂရုမစိုက်တော့ပဲ စပွန်ဆာကြောင့် ကိုယ့်ကိုယ်ကို ဟုတ်လှပြီအထင်နဲ့ မာန်တက်ပြီး ဘ၀င်တွေမြင့်လို့ ထင်ရာဆိုင်းနေလိုက်တာ  မြင်လို့တောင်မကောင်းပါဘူး။ ပိုက်ဆံကလည်း လောကကြီးမှာ အရေးပါနေတော့ အပင်ပန်းမခံတော့ပဲနဲ့ လွယ်လွယ်ရတဲ့လမ်းကိုပဲ ရွေးကြတယ်ထင်တယ်လေ။ အဲ့ဒါကြောင့် တစ်ချို့ဆို အိမ်ထောင်ရေးတွေပျက်ဆီးပြီး မိသာားစုတွေ တကွဲတပြားနဲ့ ဇာတ်သိမ်းမလှတဲ့ အိမ်ထောင်ရေးမျိုးတွေလည်း အများကြီးပေါ့။ ဒါက ကျမတို့ မြန်မာလူမျိုးတွေ့နဲ့ဘယ်လိုမှလည်း မသင့်တော်ပါဘူးနော်။ ဒီလိုသာဆို လောကကြီးလည်း အကျဉ်းတန်အရုပ်ဆိုးကုန်မှာပေါ့ ဘ၀တွေလည်း ဘယ်လိုမှ လှပနိုင်မှာမဟုတ်ပါဘူး..။လောကကြီးမှာလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကိုယ့်ဘ၀ကို ရေရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူး ခဏတာပျော်ရွှင်မှုတစ်ခုရဖို့ ကိုယ့်ရဲ့ဘ၀တစ်ခုလုံးနဲ့ ဘာလို့ လဲရမှာလဲနော့်။
       မေမေက ခက်ခက်ခဲခဲနဲ့ မွေးဖွားသန့်စင်ပေးခဲ့တဲ့ ကိုယ့်ရဲ့ဘ၀လေးကို တန်ဖိုးထားရမယ်နော် လိမ္မာ ယဉ်ကျေးပြီး မိဘတွေကို ကိုယ့်ခွန်ကိုယ့်အားနဲ့ ပြုစုလုပ်ကျွေးကျေးဇူးဆပ်နိုင်ရမယ်လေ သိတက်မှုဆိုတာကလည်း သားကောင်းနဲ့ သမီးရတနာတွေရဲ့ ရင်ထဲမှာရှိစမြဲပဲလေ မေမေက ကျမတို့ကို လောကအလယ်မှာ မျက်နှာမငယ်ရအောင် လူလားမြောက်တဲ့အထိ ပြုစုပျိုးထောင်လာခဲ့ပြီပဲ။ ရိုးသားမှုကို လက်ကိုင်ထားပြီး ကျမတို့ကတစ်လှည့် ပြန်ပြီးလုပ်ကျွေးရမှာပေါ့ ပြီးတော့ မေမေပေးခဲ့တဲ့ ခြေတွေ လက်တွေ ဦးနှောက်တွေကို တန်ဖိုးရှိစွာ အသုံးချတက်ရမယ်လေ။ ဒါမှလည်း တို့မေမေတွေက လောကအလယ်မှာ သားသမီးတွေရဲ့အောင်မြင်မှုကို ဂုဏ်ယူစွာနဲ့ ၀င့်ကြွားနိုင်မှာပေါ့။ သေချာစဉ်းစားကြည့်ရင် မေမေပေးတဲ့ စွမ်းအားတွေနဲ့ အားအင်တွေက ကျမတို့မွေးကတည်းက အပြည့်အ၀ ပါလာခဲ့ပြီးသားနော်။ လူရယ်လို့ဖြစ်လာပြီဆိုရင် အကုန်လုံးဟာအတူတူပါပဲးpppp ပခုံးနှစ်ဖက်ကြားမှာခေါင်းပေါက်တာချင်းလည်း တူတူပဲလေ။  ဒါကြောင့် ရိုးသားစွား ကြိုးစားကြစေချင်ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါးကို ဒုက္ခမရောက်ပါစေနဲ့...။ ကျမတို့မိန်းမသားတွေရဲ့ ဘ၀တွေကို ရိုးသားစွာ အလှဆုံးဖန်တီးကြဆို့နော် စိတ်လေးတွေကိုလည်း အလှဆုံးဖြစ်အောင်ထားကြပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားကာ ကြိုးစားကြမယ်ဆိုရင် ဂုဏ်ယူဝင့်ကြွားစွာနဲ့  လောကအလယ်မှာ ကျမတို့မိန်းမသားတွေရဲ့ဘ၀လေးတွေဟာ ယုံကြည့်မှုအပြည့်နဲ့ ရပ်တည်နိုင်ပြီပေါ့ အားငယ်စရာဆိုတာလည်း ဘယ်မှာရှိပါတော့မှာလည်း မွေးဖွားပေးတဲ့မေမေတို့တွေလည်း ထာဝရပျော်နိုင်မှာ အမှန်ပဲလေ.........။







 

1 comment:

  1. အမေအတွက်ဂုဏ်ပြုတဲ့ဆောင်းပါးလေးပါ
    ပြီးတော့အားသူကိုအားပေးတဲ့သဘောလဲသက်ရောက်ပါရဲ့
    ဂုဏ်ယူပါတယ်ဗျာ
    အမေတွေအတွက်ပေါ့
    ပြီးတော့ခုလိုရေးတတ်တဲ့ခင်ဗျားအတွက်ရောပေါ့လေ

    ReplyDelete