1. 1. 1.

Tuesday, December 6, 2011

ဘ၀တစ်သက်တာလုံး အလှတရားများကို ထိန်းသိမ်းကြမယ်

အပေါ်ယံအရေပြားအလှဆိုပေမယ့်လည်း လူတိုင်းက လှချင်ကြပါတယ်နော်။ အထူးသဖြင့် ကျမတို့ မိန်းကလေးအများစုက လှတယ်ပြောမှ ကျေနပ်နှစ်သက်ကြတယ် မဟုတ်လား..။ အလှတရားကို ထိန်းသိမ်းထားဖို့ဆိုရင်တော့ ကျမတို့အနေနဲ့ လိုက်နာလုပ်ဆောင်သင့်တာတွေ ရှိနေပါတယ်။ ကြည့်လိုက်ကြရအောင်နော်.....

(၁) အရေပြားပျက်စီးခြင်းမှ ကာကွယ်ရန် ဆီလီနီယမ်
      ဆီလီနီယမ်က သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အရေပြားကို ဖရီးရယ်ဒီကယ်တွေ ဖျက်ဆီးမှုကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားကင်ဆာ မဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီလီနီယမ်ကို အစေ့အဆန်၊ မှို၊ ပုစွန်ဆိတ်၊ သိုးသား၊ ပင်လယ်ငါး၊ တူနာငါးနဲ့ ဆယ်လ်မွန်ငါးတွေကနေ များစွာရရှိနိုင်ပါတယ်။ အမဲသားဟင်း၊ ကြက်ဆင်သား၊ ကမာကောင်၊ ဆာဒင်းငါး၊ ကဏန်းနဲ့ ကောက်နှံတစ်ခုလုံးကနေလည်းဆီလီနီယမ်ကို ရရှိနိုင်ပါတယ်။


(၂) အရွယ်တင်နုပျိုစေရန် ကိုအင်ဇိုင်းကျူ-၁၀
     ကိုအင်ဇိုင်းကျူ-၁၀ က အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး Body ကနေ သဘာဝအလျောက်ထုတ်လုပ်ပါတယ်။ ဒါပေမယ့် Body က ထုတ်လုပ်မှုနည်းလာတဲ့အခါ အိုမင်းရင့်ရော်လာပါတယ်။ ကိုအင်ဇိုင်းကျူ-၁၀က အရေပြားနဲ့Body မှာရှိတဲ့ ဆဲလ်တွေကို ဖရီးရယ်ဒီကယ်တွေရဲ့ ဖျက်ဆီးတာကနေကာကွယ်ပးပါတယ်။ Body မှာ စွမ်းအင်ထုတ်လုပ်မှုနဲ့ ဆဲလ်တွေရဲ့ အခြေခံလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကိုအင်ဇိုင်းကျူ-၁၀က ပါဝင်လုပ်ဆောင်ပေးပါတယ်။  အရွယ်မတိုင်မီ အိုမင်းရင့်ရော်သူတွေမှာ ကိုအင်ဇိုင်းကျူ-၁၀ လျော့နည်းနေတာကြောင့်ဖြစ်ပါတယ်။ ၄င်းကို မျက်နှာအရေပြားပေါ်လိမ်းပေးမယ်ဆိုရင် အရေးအကြောင်းဖြစ်နေတာတွေကို ကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။ ကိုအင်ဇိုင်းကျူ-၁၀ကို တူနာငါးနဲ့ ဆယ်လ်မွန်ငါး၊ ကြက်သား၊ အသည်းနဲ့ ကောက်နှံတစ်ခုလုံးကနေ ရနိုင်ပါတယ်။

(၃) အရေပြားဆဲလ်ကျန်းမာစေရန် အင်တီအောက်ဆီးဒင့်
အင်တီအောက်ဆီးဒင့်က Body မှာရှိတဲ့ Cell တွေကို ဖရီးရယ်ဒီကယ်တွေရဲ့ ဖျက်ဆီးမှုနှေးကွေးစေပြီး အရေပြားကို ကာကွယ်ပါတယ်။ ဖရီးရယ်ဒီကယ်တွေကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်တာ၊ အရေးကြောင်းထင်တာနဲ့ အသားအရေခြောက်သွေ့တာတွေမဖြစ်အောင် အင်တီအောက်ဆီးဒင့်တွေက ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး၊ ဘယ်ရီသီး၊ ကညွတ်၊ မုန်လာဥနီ၊ ဟင်းနုနယ်ရွက်၊ ကန်စွန်းဥ၊ ငရုတ်ကောင်း၊ ပဲအမျိုးမျိုးစတဲ့ အနီ၊ အ၀ါ၊ အစိမ်း အရောင်စုံတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကနေ အင်တီအောက်ဆီးဒင့်ကို ရရှိနိုင်ပါတယ်။

(၄) အသားအရေစိုပြေစေရန် ရေ
     ရေသောက်ပေးတာက သင့်အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အသားအရေစိုပြေစေရုံသာမကပဲ မျက်နှာမှာအရေးအကြောင်းဖြစ်ပေါ်တာကိုလည်း လျော့နည်းစေပါတယ်။ ရေက Body အတွင်းမှာ အစာအာဟာရတွေ ဆဲလ်တွေအထိရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ ဒါ့အပြင် body  အတွက်မလိုအပ်တဲ့ အရာတွေကို စွန့်ထုတ်ဖို့အတွက်လည်း Body မှာ ရေရှိနေဖို့လိုအပ်ပါတယ်။ ရေက သွေးလှည့်ပတ်မှုကို အားပေးကူညီပေးပြီး အရေပြားအထိ သွေးစီးဆင်းနိုင်အောင်လည်း ကူညီပေးပါတယ်။ တစ်နေ့ကို ရေ ရှစ်အောင်စသောက်ပေးပါ။  
(၅) အရေပြားထိန်းသိမ်းရန် ဗီတာမင်အေ
      အရေပြားခြောက်သွေ့ပြီး အဖတ်လေးတွေကွာကျနေပါက ဗီတာမင်အေကြွယ်ဝတဲ့ လိမ္မော်သီးနဲ့ မုန်လာဥနီတွေစားပေးပါ။ ဗီတာမင်အေက ဇရာကြောင့် အရေးအကြောင်းဖြစ်ပေါ်တာတွေကို ကာကွယ်ပေးပါတယ်။ ဗီတာမင်အေပါဝင်တဲ့ သောက်ဆေးနဲ့ လိမ်းဆေးတွေကို ၀က်ခြံ၊ အရေးအကြောင်းဖြစ်တာနဲ့ တခြားအရေပြားလှပမှုတွေအတွက် အသုံးပြုနိုင်ပါတယ်။ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ ဥအမျိုးမျိုးနဲ့ အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း ဗီတာမင်အေ ရနိုင်ပါတယ်။

(၆) အရေပြားတင်းရင်းစေရန် ဗီတာမင်စီ
     အရေပြားတင်းရင်းလှပမှုကို ဖြစ်စေတဲ့ ကော်လာဂျင်နဲ့ အီလက်စတင်တွေကို ဖျက်ဆီးတဲ့ ဖရီးရယ်ဒီကယ်တွေကို ဗီတာမင်စီက ဟန်တားပေးပါတယ်။ ဗီတာမင်စီက အရေပြားမှာ နေလောင်တာကြောင့် ပျက်စီးမှုကိုလည်းကာကွယ်ပေးပါတယ်။ အချဉ်ဓာတ်ပါတဲ့အသီးတွေ၊ သင်္ဘောသီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးစတာတွေမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။

(၇) နေလောင်ခြင်းမှကာကွယ်ရန် ဗီတာမင်အီး
     ဗီတာမင်အီးက အရေပြားကိုနေလောင်ပျက်စီးတာကနေ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးပါပဲ။ ဗီတာမင်အီက ရောင်ရမ်းမှုတွေကို လျော့နည်းစေတဲ့ အာနိသင်အပြင် ခုခံအားကိုလည်း တိုးပွားစေပါတယ်။ ဟင်းသီးဟင်းရွက်ဆီ၊ အစေ့အဆန်တွေ၊ သံလွင်ဆီ၊ ဟင်းနုနယ်ရွက်၊ ကညွတ်ရွက်တွေနဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင်အီးကို ရရှိနိုင်ပါတယ်။

(၈) အရေပြားနူးညံ့ချောမွတ်စေရန် မရှိမဖြစ်အဆီ
     အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ အဆီစတဲ့ မရှိမဖြစ်အဆီတွေက အရေပြားကို အကာအကွယ်ပေးထားတဲ့ သဘာဝအဆီတွေကို ထါက်စေပါတယ်။ အရေပြားခြောက်သွေ့သူတွေအနေနဲ့ မရှိမဖြစ်အဆီတွေ စားပေးဖို့လိုပါတယ်။ အရေပြားကို နူးညံ့ချောမွေ့စေပြီး နုပျိုစေပါတယ်။ သံလွင်ဆီ၊ ကနိုလာဆီ၊ ၀ါစေ့ဆီ၊ သစ်ကြားစေ့၊ ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးတွေကနေ အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ ကို ရရှိနိုင်ပါတယ်။

(၉) ဒီအင်န်အေ ပျက်စီးမှုမှကာကွယ်ရန် လက်ဖက်စိမ်း
     လက်ဖက်စိမ်းက အရေပြားအတွက် အာနိသင် ထူးထူးခြားခြားပေးစွမ်းနိုင်ပါတယ်။ ရောင်ရမ်းမှုတွေကို ရပ်တန့်စေတယ်။ ဒီအင်န်အေပျက်စီးမှုကို နှေးကွေးစေတယ်။ အရေပြားနေလောင်တာကနေကာကွယ်ပေးတယ်။ စတဲ့အစွမ်းအာနိသင်တွေပေးစွမ်းနိုင်ပါတယ်။ လက်ဖက်စိမ်းရဲ့ အစွမ်းအာနိသင်ရဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ လက်ဖက်စိမ်းခတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးပါ။

No comments:

Post a Comment