1. 1. 1.

Tuesday, December 27, 2011

တေးသီငှက်

ချိုသာတေးသီ ငှက်ငယ်လေးသည်
နင်လေထာဝရ တေးတွေသီသည်
နွေဦးရာသီ ကုန်လွန်သည့်တိုင်
အာရုဏ်ဦးမှ မိုးချုပ်သည့်တိုင်
ကမ္ဘာဆုံးတိုင် တေးသီလှည့်ကွယ်...။

နင့်တေးသံက တိတ်ဆိတ်မသွားဘူး
ဘာလို့ဆိုတော့ ငါ့နှလုံးသားကို
အသက်ဆက်ရှင် စေလို့ပေါ့ကွယ်...။

နင့်တောင်ပံတွေလည်း ထာဝရပဲ
လှပသန်စွမ်းလို့နေတယ်လေ
ဘာလို့ဆိုတော့ နင့်တောင်ပံရဲ့
ရိုက်ခက်လှုပ်ရှား မှုတွေက
ငါ့နှလုံးသား တိမ်သလ္လာတွေကို
အမြဲဖယ်ရှား ပေးလို့ကွယ်...။

တေးသီငှက်ရယ်
ကမ်းစပ်နားက ဒီလှိုင်းတွေရဲ့
ဇာတ်လမ်းတစ်ပုဒ်ကို နားဆင်သလိုကွယ်
နင့်စိတ်ဝိညာဉ်ရဲ့ တေးသံကိုလည်း
ငါလေအမြဲ နားဆင်ပေးမယ်...။

No comments:

Post a Comment