1. 1. 1.

Friday, December 30, 2011

သက်ရောက်မှု

ငါ့ဝိညာဉ်ကို တဖြည်းဖြည်းနဲ့
ရစ်နှောင်နေတဲ့ နင့်နှလုံးသာရဲ့
ရိုက်ခတ်သံကို ငါလေခံစားသိနေရတယ်...။

ငါ့နှလုံးသားကို လင်းလက်စေတဲ့
ဘုရားသခင်ရဲ့ မီးရှူးတိုင်က
နင့်နှလုံးသားကိုလည်း ထိခိုက်လှုပ်ရှား
စေတယ်ဆိုတာ ငါသိနေခဲ့တယ်...။

သက်မဲ့မြတ်ပင်တွေပေါ်မှာ 
ပေါက်ရောက်နေတဲ့ ပန်းလှလှတစ်ပွင့်
နင့်ရင်ထဲမှာ ရှိတယ်ဆိုတာ
ငါသိနေတယ်...။

နင်က ငါ့ရဲ့အသံမဲ့ခေါ်သံကို
နားဆင်ရင်း ငါ့မျက်ဝန်းထဲက
ငါ့ဝိညာဉ်ကို စောင့်ကြည့်နေတာ
သိနေသလို ခံစားမိတယ်...။


နင့်ခေါ်သံကို ငါကြားရတယ်
နေ့ရဲ့နှလုံးသားထဲက ဟစ်ကြွေးသံနဲ့
ညရဲ့ရင်ခွင်ထဲက တီးတိုးသံကို
ငါ ကြားသိလိုက်ပါတယ်...။

No comments:

Post a Comment