1. 1. 1.

Thursday, December 8, 2011

ကျမ ရှင့်ကို မချစ်ဘူး

ငါ နင့်ကို မချစ်ဘူး
မချစ်ဘူးပြောရလေ
နင်မရှိရင် ငါကြေကွဲ
ဝမ်းနည်းရပေ....။

မိုးပြာရောင် ကောင်းကင်ကလေ
ကြယ်စင်တွေ ငုံ့လျှိုးကြည့်
နင့်ကိုမြင် ၀မ်းသာကြလို့
ငါ့အဖို့ မနာလိုပေ...။

ငါနင့်ကို မချစ်ပေမဲ့
အကြောင်းကို ငါမသိလေ
နင်ပြုသမျှအကုန်လုံး
ငါ့ရင်ထဲ စွဲညိနေ...။



အထီးကျန်ငါ့ဘ၀ရယ်က
သက်ပြင်းတွေ အခါခါချ
အခြားသူအားလုံးထက်
ခြောက်သွေ့ခဲ့ရ...။

ခွဲခွာပြီး နင်သွားလျင်
ငါမုန်းတဲ့ ချစ်စကားသံဇဉ်
ပဲ့တင်သံ တရစ်ဝဲ၀ဲ 
ဂီတတေးလို နင်ုဆိုစကား
ငါ့အကြားမှာလေ ချိုသာဆဲ...။

ငါနင့်ကို မချစ်ပေမဲ့
ဝင်းလဲ့လဲ့နင့်မျက်ဝန်းတွေ
ပြာရင့်ရင့် ရွှန်းရွှန်းစို
စကားဆိုပြောနေကြပေ...။

သန်းခေါင်ယံ ကောင်းကင်ကလေ
လင်းလက်နေ ဂြိုလ်တွေထက်
နင့်မျက်ဝန်း အလှတွေက
တောက်ပလျက်ပေ...။

ငါနင့်ကို မချစ်ဘူးရယ်လို့
စိတ်ကူးထဲ သိနေသယောင်
အလို......တခြားသူတွေက
မယုံကြ ငါ့ကိုလှောင်....။
နင့်နေရပ် ဝေးသီခေါင်
ဟန်မဆောင်နိုင် ငါမျှော်ကြည့်
သူတို့တွေ ငါ့ကိုတွေတော့
ပြုံးထေ့ကြပေါ့......။

No comments:

Post a Comment