1. 1. 1.

Thursday, March 21, 2013

ကကြိုးမဲ့ သံစဉ်

ကံတရား ပြစ်ချရာမှာ
ခဏတာ အကျနာခဲ့လည်း
သဘာဝတရားရဲ့ လှပတဲ့ကောင်ကြောင်း
အကြောင်းရှာပြီး ပြောင်းမပြစ်ခဲ့ဘူး...။

မှိုင်းညို့နေတဲ့ နေ့ရက်တစ်ချို့မှာ
ကြည်လင်မှုတွေ ကင်းပျောက်နေခဲ့လည်း
ဆန်းပြားတဲ့ ကာလာတွေအကြောင်း
အဖြူရောင်စာမျက်နှာထက် မိတ်မဆက်ခဲ့ဘူး...။

နှလုံးသားပြဿနာ အဖြေရှာရာမှာ
အရှုံးတရားတွေနဲ့ အပြုံးပါးနေခဲ့လည်း
ကမ္ဘာဦးအစက လှခဲ့တဲ့အချစ်အကြောင်း
သံစဉ်ပြောင်းပြီး မရေးဖွဲ့ခဲ့ဘူး...။

မတည်မြဲတဲ့ ကာလယန္တရားမှာ
သုံးမျိုးရာသီက အမုန်းခါးသီးနေခဲ့လည်း
ယာမာခြုံထားတဲ့ အပြုံးလက်ဆောင်တွေအကြောင်း
တစ်စေ့တစ်စောင်းတောင် မတွေးခဲ့ဘူး...။

အပူအပင်မကင်းတဲ့ လူနေမှုစနစ်မှာ
ဒုက္ခအပေါင်းနဲ့ ခညောင်းနေလည်း
မုသားစကားရဲ့ အက္ခရာတွေအကြောင်း
အသိစိတ်က မယိုဖိတ်ခဲ့ဘူး...။

နေ့ရက်တိုင်းမှာ 
ဘ၀တာဝန်ကျေစေဖို့အတွက်
ချွေးစက်တွေကြား ဗျာများနေခဲ့လည်း
အကောင်းအဆိုး အကြောင်းအကျိုးမို့
အမုန်းမဖက် အပြုံးသက်သက်နဲ့
အရှုံးတရားတွေကို ရင်ဆိုင်ရင်း..... ..... ....။ 12:31 PM
 

3 comments:

  1. “နှလုံးသားပြဿနာ အဖြေရှာရာမှာ
    အရှုံးတရားတွေနဲ့ အပြုံးပါးနေခဲ့လည်း
    ကမ္ဘာဦးအစက လှခဲ့တဲ့အချစ်အကြောင်း
    သံစဉ်ပြောင်းပြီး မရေးဖွဲ့ခဲ့ဘူး...။” ... မမကဗျာလေးတွေ ဖတ်လိုက်ရတိုင်း ညီမလေးနဲ့ တိုက်ဆိုင်တာတွေ တွေ့နေရတယ် ... :)

    ReplyDelete
  2. မရောက်တာကြာလို့ အလည်လာရင်း ကဗျာလေးကိုခံစားသွားတယ်နော်
    ပျော်ရွှင်နိုင်ပါစေ
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  3. လေပြေရေ ပျောက်နေတာကြာပေါ့။နေကောင်းသွားပြီလား။ကဗျာလေးက အတော်လှတယ်။အားပေးနေတယ်သိလား။သတိလည်းရတယ်။

    အပူအပင်မကင်းတဲ့ လူနေမှုစနစ်မှာ - ဒုက္ခအပေါင်းနဲ့ ခညောင်းနေလည်း
    မုသားစကားရဲ့ အက္ခရာတွေအကြောင်း - အသိစိတ်က မဖိတ်ခဲ့ဘူး...။

    ချစ်တဲ့
    အလွမ်း

    ReplyDelete