1. 1. 1.

Monday, April 1, 2013

တန်ခူးလနဲ့ ကျမ (မွေးနေ့အမှတ်တရ)

 ကျမမွေးနေ့   (၃.၄.၂၀၁၃) 

အိမ်မှာ ဘုရားအာရုံဆွမ်းကပ်မယ် သစ်သီးကိုးမျိုး ရည်စူးလှူမယ်... 
မိဘနှစ်ပါးနဲ့ ဆရာသမားတွေကို ကန်တော့မယ် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးမယ်...
ချစ်သူ၊ ခင်သူ၊ မုန်းသူ အကုန်လုံးကို ဖြူစင်တဲ့စိတ်လေးနဲ့ မေတ္တာပို့ပေးမယ်...

ကြေနပ်မိတာက
ရိုးသားတဲ့ မိဘနှစ်ပါးစီက ဖြူစင်ပြီး သိမ်မွေ့နူးညံ့တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်ခွင့်ရထားလို့ပါ...

ယုံကြည်မိတာက
ကံ ကံ၏အကျိုးတရားကို ပိုပြီး သက်ဝင်ယုံကြည်လာတယ်...

လက်ခံမိတာက
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်... ကောင်းကံ ဆိုးကံဆိုတာ ကိုယ်နဲ့ပဲဆိုင်တယ်...

ဆင်ခြင်မိတာက
အော်... ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပြီပေါ့... ပြီးတော့ ကျမကိုယ်တိုင် ရေးစပ်ထားတဲ့ “နေမ၀င်ခင်လေး” ကဗျာလေးကို ပြန်ဖတ်နေမိတယ်...

ဆန္ဒက
လွန်ဆန်မရနိုင်တဲ့ လောကသဘာဝကြီးကို တရားမျှတစွာနဲ့ ငြိမ်းချမ်းစေချင်တယ်... 
ဖြူစင်မေတ္တာ ကိုယ်စီပွားရင် နွေခေါင်ခေါင်မှာတောင် အေးချမ်းစေပါတယ်...
သစ္စာတရားဆိုတဲ့စကားလုံး နှလုံးမူရင် ကမ္ဘာပြိုလို့ တိမ်ညိုခဲ့မယ်ဆိုတောင် လမင်းကြီးက ထာဝစဉ်ထွန်းလင်းနေမှာပါ...

မျှော်လင့်နေခဲ့တဲ့ စကားသံ
မွေးနေ့ရောက်တိုင်း အသက်က ကြီးတာမြန်လိုက်တာမေမေရယ်လို့ စိတ်ပျက်အားငယ်စွာနဲ့ ပြောတက်တဲ့ကျမကို မေမေက “သမီးက မေမေတို့အမြင်မှာတော့ ဘယ်အချိန်ကြည့်ကြည့် (၁၆) နှစ်ပဲ... ဘယ်တော့မှ (၁၆) နှစ်ထက် မပိုဘူး... တစ်နှစ်ပြီးတစ်နှစ်သာ မွေးနေ့တွေ ဖြတ်ကျော်သွားပါစေ မေမေ့စိတ်ထဲမှာတော့ သမီးက အမြဲတမ်း (၁၆) နှစ်ပဲတဲ့” ဒီနှစ်မွေးနေ့မှာလည်း မေမေပြောမယ့် ကျမမျှော်လင့်နေတဲ့ စကားသံလေးပေါ့... :))))

အလိုချင်ဆုံး ဆုတောင်းက
နောင်လာမယ့် ကျမရဲ့ မေမေပြောတဲ့ (၁၆) နှစ်ပြည့် မွေးနေ့တိုင်းမှာ ကျမချစ်မြတ်နိုးရတဲ့ မိဘနှစ်ပါးကို ကျမ (၁၆) နှစ်ထက်ကြီးမလာသလို အမြဲတမ်း ကျန်းမာပါစေလို့ပေါ့... 
ကျမဘ၀ရဲ့ နောက်ဆုံးအချိန်ထိ ကျမနဲ့အတူတူ အနားမှာရှိနေပါစေလို့ပေါ့...
ပြီးတော့ မိဘတွေအတွက် ကျမက သမီးကောင်း ရတနာလေး ဖြစ်ပါရစေပေါ့...

အလိုချင်ဆုံး ဆုပေးသံ
ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းကျပါစေဆိုတဲ့ မိဘတွေနဲ့ သူငယ်ချင်းတွေဆီက ကျမမျှော်လင့်နေတဲ့ ဆုပေးသံလေးပါ...

အစားချင်ဆုံး အစားအစာ
သင်္ကြန်ထမင်း... မော်လမြိုင်မြို့ရဲ့ ရာသီစာ အစားအစာလေ... ကျမ အရမ်းကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးပေါ့... မေမေကပြောပြတယ် ကျမကို မွေးခါနီမှာ ဗိုက်အရမ်းနာနေတဲ့ကြားက သင်္ကြန်ထမင်းကို မရမက၀ယ်ခိုင်းပြီး အားရပါးရစားတာတဲ့လေ... စားပြီးမကြာဘူး ကျမကိုမွေးတာတဲ့... ဟုတ်မယ်နော် ကျမလည်း သင်္ကြန်ထမင်းရောင်းတဲ့ဆိုင်မြင်ရင် အငမ်းမရကို ၀င်စားတော့တာပဲသိလား... တစ်ခါတစ်ခါစားရင် နှစ်ပွဲသုံးပွဲလောက်ကို စားတာလေ :PPP

လိုချင်တဲ့ လက်ဆောင်
သူငယ်ချင်းတစ်ယောက်ဆီမှာ တောင်းထားတယ်... မပေးလို့ကတော့ သေခန်းပြတ်ပဲလို့... ဟီး

စိတ်မကောင်းဖြစ်မိတာက
ကျမချစ်သူက အဝေးကြီးမှာလေ :(                  4:39 PM

 ကျမ ၁၆ နှစ်ပြည့်မွေးနေ့တုန်းက အမှတ်တရ ရိုက်ထားတဲ့ ပုံလေးပါ...

3 comments:

  1. မမရေ ရောက်ရှိလာမယ့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းဖြစ်ပါစေနော် ... :)

    ReplyDelete
  2. မနက်ဖန်ပေါ့ လေပြေမွေးနေ့က ။ ဘာမုန့်ကျွေးမလဲဟင်။
    ဘုရားဘုရား တစ်ခါစားနှစ်ပွဲသုံးပွဲဆိုပါလား။ ဘုရားဘုရား။
    မွေးနေ့မှာပျော်ရွှင်ပါစေနော်။ လေပြေ့မေမေနဲ့ဖေဖေလဲ ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  3. HAPPY BIRTHDAY TO လေပြေ !!!။
    ညီမလေး ရိုးမြေကျက လေပြေလို့ခေါ်ပုံထောက်တော့ လရိပ်ထက် အများကြီး အသက်ငယ်မယ်ထင်တယ်။ ဒါကြောင့် လေပြေလို့ဘဲ ခေါ်သွားပါတယ်။
    စာဖတ်ရင်း ဖြူစင်တဲ့စိတ်ထားလေးမြင်တွေ့လိုက်တယ်။
    မွေးနေ့အကြို Wish လုပ်သွားတယ်။ ဘဝတလျှောက်လုံး လိုချင်တဲ့ ဆန္ဒတွေ ပြည့်ဝပါစေ။

    ReplyDelete