1. 1. 1.

Friday, December 28, 2012

ရင်ထဲက ကဗျာ (၃)

မောင်ရေ…
ရင်ခုန်သံတွေ အေးခဲသွားမှာဆိုးလို့
ပလီပလာ တီတီတာစကားလေးတွေနဲ့
မြတ်နိုးစွာ တွယ်တာနှောင်ဖွဲ့ရင်း
သံယောဇဉ်လွန်းတင်တဲ့ ကြိုးမျှင်တွေလည်း
ပိုပိုတိုးပြီး ခိုင်မာလာတယ်….။

မောင်ရေ…
သစ္စာတရားကို ကိုးကွယ်လို့
ချစ်သူထံပါး အသည်းအသက်ကိုပေးဆပ်ရင်း
မေတ္တာရေလှိုင်း လေးတွေလည်း
နှလုံးသား ကမ်းခြေထံပါး
တဖြေးဖြေး ရိုက်ခတ်လာတယ်….။

မောင်ရေ….
ပင်လယ်ရေ ခန်းခြောက်လို့
ကျောက်ဆောင်တွေ အရည်ပျော်လည်း
ပြောင်းလဲမသွားတဲ့ အချစ်တွေကို
ရင်ခွင်ထဲမှာဘောင်ခတ် 
နောင်ဆယ်သက်ထိ သိမ်းထားမယ်….။

မောင်ရေ…
ရင်ထဲက ချစ်စံအိမ်လေး
မေတ္တာစစ် မေတ္တာမှန်နဲ့
ထာဝစဉ် တည်တံ့ဖို့အတွက်
ခဏခဏရန်ဖြစ် ခဏခဏပြန်ချစ်ရင်း
အနာဂါတ်နေ့စွဲတွေကို တို့အတူအလှဆင်ကြမယ်….။
                                                          လေပြေချို (11:30 PM) 28.12.2012

2 comments:

  1. လေပြေရေ....မောင်ကိုအရမ်းချစ်တာပဲလားဟင်
    အမြဲချစ်နိုင်ကြပါစေ
    ၂၀၁၃မှ စပြီး ရာသက်ပန်ပျော်ရွှင်ပါစေလို့

    ReplyDelete
  2. လေပြေ စိတ်ညစ်နေတာတွေပျောက်သွားပီလား။ ရန်ဖြစ်ပါ ပြန်ချစ်ပါ။ နှစ်သစ်မှာ အဆင်ပြေတာတွေပဲတွေ့ပါစေ။

    ReplyDelete