1. 1. 1.

Saturday, November 17, 2012

စိတ်တစ်ခု၏ အနှစ်ချုပ်

၁။ လောကကြီးမှာ လူလုံးလှဖို့အတွက် ဖြတ်လျှောက်ရမယ့် လမ်းသွယ်တွေက အများကြီးပဲ... မှန်ကန်စွာ ရွေးချယ်ခဲ့တဲ့ ကိုယ်ပိုင်တဲ့ လမ်းသွယ်မှာ အောင်နိုင်လာခဲ့ရင် သဘောထားကြီးရမယ်... ရှုံးနိမ့်သွားခဲ့ရင်လည်း အာခံစိတ်ရှိရမယ်... စစ်ပွဲတွေမှာ ဆုံးဖြတ်ချက် ချသလိုပေါ့... ခိုင်မာရမယ်၊ ပြတ်သားရမယ်၊ ငြိမ်းချမ်းနေရင်တော့ ချစ်ကြည်ရေးစိတ်ဓါတ် ရှိရမယ်ပေါ့။

၂။ ခက်ခက်ခဲခဲနဲ့ ကြိုးစားပမ်းစား စိုက်ပျိုးနေကြရတဲ့ ဘ၀သစ်ပင်လေး... အမြစ်တွယ်လို့ အပင်မြင့်လာရင်တော့ လေထန်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိရမယ်... ထုံးစံအတိုင်း ရန်သူတွေများလာမယ်... မိတ်ဆွေတွေ နဲသွားမယ်... သတင်းကောင်းတွေအတွက် တောင်ပံတွေက တစ်နာရီကို မိုင်ပေါင်းများစွာ လျှင်မြန်တဲ့ နှုန်းနဲ့ ပျံသန်းသွားနိုင်တယ်လေ... နာဂစ်မှာတိုက်တဲ့ လေတိုက်နှုန်းထက် လျှင်မြန်တယ်။

၃။ သူတော်ကောင်းမှန်လျှင် စိတ်ကောင်းထားပါ... သဘောထားကြီးပါ... ရန်သူပေမယ့်လည်း ခွင့်လွှတ်ပါ... ပြိုင်ဘက်ပေမယ့်လည်း စိတ်ရှည်ပါ၊ သည်းခံပါ... လူသားအားလုံးကို သနားစာနာ ကြင်နာစွာဖြင့် ရိုင်းပင်းကူညီ၍ မိမိကိုယ်ကိုယ် လေးစားပါ... ဂုဏ်ယူပါ။

၎။ လူတစ်ဦးဟာ သူ့ဘ၀မှာ စိတ်ကူးယဉ်စရာ မျှော်လင့်စရာတွေ မရှိတော့တဲ့အခါ သူ့ရဲ့စိတ်တွေဟာ မိုက်မဲပြီး နေရာတိုင်းမှာ စာနာမှု၊ ညှာတာမှု ကင်းမဲ့နေတက်ပါတယ်... ဒါ့ကြောင့် များများတွေးပါ... များများစိတ်ကူးယဉ်ပါ... “မိမိ၏ နှလုံးသားရှိတဲ့နေရာသည် မိမိ၏ အိမ်ဖြစ်သည်” မိမိစိတ်ကို မိမိလွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်းရှိရမည်... မိမိစိတ်ကို မိမိကသာ ဝေဖန်နိုင်သူဖြစ်ရမယ်။ 

၅။ လွတ်လပ်တဲ့ ဒီမိုကရေစီခေတ်ကြီးမှာ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ အပြည့်အ၀ ရှိကြပါတယ်... မိမိရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို မြတ်နိုးပါ၊ တန်ဘိုးထားပါ၊ ထိန်းသိမ်းပါ၊ မိမိလွတ်လပ်မှုကြောင့် မိမိနှင့် မိမိ၏ပတ်ဝန်းကျင် အကျည်းမတန်ပါစေနဲ့။

၆။ ဘ၀ဆိုတာ ရှင်ခြင်းနဲ့ သေခြင်းကြားက စေ့စပ်ညှိနှိုင်းမှု တစ်ခုပါပဲ... နာကျင်မှု၊ ကြည်နူးမှုတွေကို ရောနှောပေါင်းစပ်ထားတဲ့ တိုတောင်းလွန်းတဲ့ အချိန်ကာလ တစ်ခုပါ... မလိုအပ်တဲ့ မာနတွေနဲ့ သင့်ဘ၀ကို ပြည်ဖုံးကာချထားမယ်ဆိုရင်တော့ အချိန်စက်ဝိုင်းက သင့်ကို လှောင်ပြောင် ရယ်မော ဟားတိုက်နေပါလိမ့်မယ်။

၇။ ကြီးကျယ်တဲ့ အတွေးအခေါ်တွေကို ရိုးသားစွာတွေးပါ... စိတ်အားထက်သန်မှု ရှိနေသ၍တော့ နုပျိုမှုက သင်နဲ့အတူ ရှိနေမှာပါ... မျှော်လင့်ချက်ထားပါ...  သူ့ကိုရင်ဘတ်ထဲမှာ ထာဝရ စီးဆင်းနေပါစေ။ 

၈။ ရိုးသားစွာနဲ့ အမှားတစ်ခုကို ပြုပြင်ဖို့အတွက် သင့်မှာနောက်ကျသွားပြီဟူ၍မရှိပါ... အမှန်တရားသည် အချိန်အခါ၏ လိမ္မာသောသမီးပျိုတစ်ယောက် ဖြစ်ပါသည်။ လောကကြီးမှာ သန့်စင်ကြည်လင်တဲ့ စိတ်နှလုံးလောက် နူးညံ့ပျော့ပြောင်းတဲ့ ခေါင်းအုံး မရှိပါဘူး... စကြ၀ဠာကြီးဟာလည်း ရိုးသားဖြောင့်မတ်သူတစ်ယောက်ရဲ့ ဆန္ဒမဲကို ၀ယ်ယူနိုင်လောက်တဲ့အထိ မချမ်းသာသေးပါဘူး။
မှတ်ချက်။      ။ဖတ်မိတာလေးတွေနဲ့ စိတ်ထဲက ခံစားချက်လေးတွေပေါင်းစပ်ပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ကိုယ်ပိုင်လွတ်လပ်မှုလေးတွေနဲ့ တွေးပြီးရေးထားတာပါ..... ဒီရက်ပိုင်း စိတ်တွေ အရမ်းရှုပ်ထွေးနေတာနဲ့ ဘာမှလည်း မရေးဖြစ်... ဘယ်မှလည်း မသွားဖြစ်နဲ့ ... စာကြွေးတွေလဲ များနေပြီးနော်...

6 comments:

  1. စေတနာလေးနဲ့ မျှဝေပြီးကိုယ့်အတွေးလေးတွေကိုပါ ပေါင်းစပ်ထားတဲ့...
    တန်ဖိုးရှိတဲ့ ပို့စ်လေးကို ဖတ်ခဲ့ပါတယ်နော်...
    ခင်တဲ့...မိုးနတ်

    ReplyDelete
  2. ၃။ သူတော်ကောင်းမှန်လျှင် စိတ်ကောင်းထားပါ... သဘောထားကြီးပါ... ရန်သူပေမယ့်လည်း ခွင့်လွှတ်ပါ... ပြိုင်ဘက်ပေမယ့်လည်း စိတ်ရှည်ပါ၊ သည်းခံပါ... လူသားအားလုံးကို သနားစာနာ ကြင်နာစွာဖြင့် ရိုင်းပင်းကူညီ၍ မိမိကိုယ်ကိုယ် လေးစားပါ... ဂုဏ်ယူပါ။ ..........
    အားလုံးကိုတော့ဖတ်ခဲ့တာပဲ အဲတာကိုအကြိုက်ဆုံးမို့ပါ....
    လေပြေကိုချစ်တဲ့ jasmine

    ReplyDelete
  3. တန်ဖိုးရှိတဲ့ အတွေးစုလေးတွေပါ လေပြေရေ .....

    စိတ်လက်ချမ်းသာစွာနဲ့

    အဖိုးတန်စာပေတွေ အများကြီး

    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

    ReplyDelete
  4. သစ်ခွပန်းလေးလည်းလှတယ် ဒဿနလေးတွေလည်းကောင်းတယ်
    စွမ်းအားဖြည့်စာစုလေးတွေ မှတ်သားသွားတယ် လေပြေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. စိတ်ရှုပ်နေလားလေပြေရေ။ အဖော်ရှိပီ။ စာတွေက မှတ်သားစရာတွေပဲ။ စိတ်ကူးကတော့ အမြဲယဉ်နေကျ။ စိတ်ပူနဲ့နော်အဲဒါအတွက်။

    ReplyDelete