1. 1. 1.

Tuesday, November 20, 2012

ဝိညာဉ်မဲ့တဲ့ မနက်ဖြန်

ခဏခဏ မေ့ပြစ်ပေမယ့်
မကြာမကြာ သတိရနေတက်တာ....

နင်ပေးခဲ့တဲ့ အနမ်း 
ငါသိမ်းထားတဲ့ အလွမ်းတွေကြောင့်လား....
တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားတယ်
အမှတ်တရတွေက ထာဝရအတွက်ရှင်သန်
လွမ်းဆွေးခြင်းတေးသွားတွေပဲ နာကျင်စွာဆိုနေမိတာ....

အချိန်ဆိုတဲ့သမားတော်က ကုစားတာကြာခဲ့ပေမယ့်
ခပ်ဆွေးဆွေး တွေးမိရင်တော့
ခပ်ရေးရေးလေး ကျန်ရစ်တာပါပဲလေ...
တစ်ဖက်သက်ဒီဇာတ်လမ်း ဆက်ကရန်မသင့်ဘူးလို့
ဒဏ်ရာတွေနဲ့ရင်ဘက်က အပြင်းအထန်ကန့်ကွက်တယ်
အသွေးအသားထဲက ခေါ်သံတွေလည်း
ထွက်ပေါက်မဲ့စွာ ဆွံ့အလို့ပေါ့.....

အခုလို
လေပြေတိုးသံမှာ ပျော်ရွှင်နေရမယ့်အစား
တိမ်ညိုတိမ်ဖျားတွေကို ဆွဲဆုတ်ကြည့်တော့
အမှတ်တရစကားလုံးတွေပဲ တဖွဲဖွဲကြွေကျလာတယ်
မျက်ရည်မိုးစက်တွေလဲ တသဲသဲသွန်းဖြိုးလာတယ်
နှလုံးသားလေးက ရူးမတက်ငိုကြွေးရင်းပေါ့.....

ငါရေးဆွဲခဲ့တဲ့ ပန်ချီကားတစ်ချပ်
စုတ်ချက်တွေလဲ အကျည်းတန်ခဲ့ပြီ...

မြတ်နိုးစွာ ချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုးတွေလဲ ပြတ်တောက်ခဲ့ပြီ.....

နှုတ်ခမ်းထက်က စကားသံတွေလည်း
မုန်တိုင်းပမာ ပြင်းထန်ခဲ့ပြီ.....

ထားခဲ့ဖူးတဲ့ ကတိတွေလည်း
လေထဲမှာ လွင့်ပြယ်ခဲ့ပြီ.....

တိတ်ဆိတ်တဲ့ ညနက်တွေထဲ
လရောင်လည်း ကင်းမဲ့ခဲ့ပြီ.....

အဆိပ်တက်တဲ့ နေရက်တွေထဲ
မျှော်လင့်ချက်တွေလည်း လဲပြိုခဲ့ပြီ... 

ငြိမ်နေတဲ့ ကောင်းကင်ယံမှာ 
ကြယ်စင်တွေ တဖျတ်ဖျတ်နဲ့
အလိုပြည့်ဖို့ ဆုတောင်းသံလည်း 
ဟိုတုန်းကလို ကာရံမညီတော့ဘူး....
ရင်ထဲကထိခိုက်သံကို ကဗျာအဖြစ်ဖန်ဆင်းရင်း
အလွတ်ရနေတဲ့ သူ့ဟန်ပန် ဖေါ်ရွေတဲ့သဏ္ဍာန်ကိုပဲ
ရင်ခုန်သံမညီမညာနဲ့ မေ့နိုင်ဖို့ကြိုးစားရင်းပေါ့......။

မှတ်ချက်။     ။ ..........................။ (2:30 AM)

8 comments:

  1. အချိန်ဆိုတဲ့သမားတော်က ကုစားတာကြာခဲ့ပေမယ့်
    ခပ်ဆွေးဆွေး တွေးမိရင်တော့
    ခပ်ရေးရေးလေး ကျန်ရစ်တာပါပဲလေ...
    တစ်ဖက်သက်ဒီဇာတ်လမ်း ဆက်ကရန်မသင့်ဘူးလို့
    ဒဏ်ရာတွေနဲ့ရင်ဘက်က အပြင်းအထန်ကန့်ကွက်တယ်

    ရင်ထဲကထိခိုက်သံကို ကဗျာအဖြစ်ဖန်ဆင်းရင်း
    အလွတ်ရနေတဲ့ သူ့ဟန်ပန် ဖေါ်ရွေတဲ့သဏ္ဍာန်ကိုပဲ
    ရင်ခုန်သံမညီမညာနဲ့ မေ့နိုင်ဖို့ကြိုးစားရင်းပေါ့......။

    ကဗျာလေးက ခံစားချက်တွေအများကြီး ပျော်ဝင်နေလို့ထင်ပါ့..
    ကောင်းတယ်နော်......ဆက်လက်ထုဆစ်နိုင်ပါစေ...
    ခင်မင်နေတဲ့....မိုးနတ်

    ReplyDelete
  2. အဲလိုပါပဲ--------
    ခဏခဏ မေ့ပြစ်ပေမယ့်
    မကြာမကြာ သတိရနေတက်တာ..........
    ချစ်တဲ့ sis jasmine

    ReplyDelete
  3. ငြိမ်နေတဲ့ ကောင်းကင်ယံမှာ
    ကြယ်စင်တွေ တဖျတ်ဖျတ်နဲ့
    အလိုပြည့်ဖို့ ဆုတောင်းသံလည်း
    ဟိုတုန်းကလို ကာရံမညီတော့ဘူး....
    ရင်ထဲကထိခိုက်သံကို ကဗျာအဖြစ်ဖန်ဆင်းရင်း
    အလွတ်ရနေတဲ့ သူ့ဟန်ပန် ဖေါ်ရွေတဲ့သဏ္ဍာန်ကိုပဲ
    ရင်ခုန်သံမညီမညာနဲ့ မေ့နိုင်ဖို့ကြိုးစားရင်းပေါ့......။

    ကဗျာလေးတကယ့်ကိုကောင်းတယ်

    ReplyDelete
  4. ထိထိရှရှ ကဗျာလေးကို

    ထိထိခိုက်ခိုက် ခံစားခဲ့ပါတယ် လေပြေရေ .....

    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

    ReplyDelete
  5. အချိန်ဆိုတဲ့သမားတော်က ကုစားတာကြာခဲ့ပေမယ့်
    ခပ်ဆွေးဆွေး တွေးမိရင်တော့
    ခပ်ရေးရေးလေး ကျန်ရစ်တာပါပဲလေ...
    တစ်ဖက်သက်ဒီဇာတ်လမ်း ဆက်ကရန်မသင့်ဘူးလို့
    ဒဏ်ရာတွေနဲ့ရင်ဘက်က အပြင်းအထန်ကန့်ကွက်တယ်
    အသွေးအသားထဲက ခေါ်သံတွေလည်း
    ထွက်ပေါက်မဲ့စွာ ဆွံ့အလို့ပေါ့
    ကဗျာလေးခံစားသွားပါတယ်အမလေပြေ။

    ReplyDelete
  6. လေပြေရေ..

    တယ်ကောင်းတဲ့ ကဗျာလေးပါလား။
    မရောက်တာကြာလို့ထင်တယ်။ ကဗျာလေးက အရာသာပိုရှိလာသလိုဘဲ.
    သီချင်းလေးနားထောင်ပြီး ကဗျာဖတ်လို့တော့ ကွတ်တိဘဲ။
    ဂယ်ကောင်းတယ် သိလား။
    အားပေးနေမယ်


    ခင်တဲ့
    အလွမ်း

    ReplyDelete
  7. နူးညံ့သိမ့်မွေ့ပြီး ခံစားလို့ကောင်းတဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ပါလား
    မမလေပြေရဲ့ကဗျာကို မဖတ်ရတာကြာလို့လည်း ပါတယ် ထင်တယ် ဖတ်လို့ကောင်းနေတယ်
    နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  8. ကဗျာတစ်ပုဒ်လုံးရေးထားတာ စကားလုံးလေးတွေနုရွနေတာဘဲ။ အရမ်းကြိုက်ပါတယ်။ ၃ခေါက်ဖတ်သွားတယ်။

    ReplyDelete