1. 1. 1.

Monday, August 6, 2012

အကောင်းမြင်မှ အမြင်ကောင်းမှာ

ဘေးထိုင် ဘုပြောပြီး
ဘ၀င်မကျ ဘ၀ကိုအပြစ်မြင်
လောကကြီးကို အပြစ်တင်မနေပါနဲ့။

လောကကြီးရဲ့ အတွင်းသရုပ်ကို
ယုတ္တိနည်း ကျကျ
ဖေါက်ထွက် သုံးသပ်လို့
လောကကြီး ဘာဖြစ်နေလဲ” ဆိုတာထက်
“လောကကြီးကို ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတာတာ
စဉ်းစားပါ။

မြေကြီးပေါ်က လောကနိဗာန်ကို
ဖန်တီးဖို့အတွက်
ဘောဂဗေဒ ပညာရှင်တွေထက်
ဘယ်သူကမှ
ပိုမဖန်တီး နိုင်ကြပါဘူးတဲ့
ထားပါတော့....

လောကမှာ
ရုပ်ဝတ္ထုပစ္စည်း အလျှံအပယ်ကြွယ်ဝရုံနဲ့
ဘ၀ရဲ့ အနှစ်သာရစစ်စစ်ကို
ဘယ်လိုမှ မတွေ့နိုင်ကြပါဘူး။

6 comments:

  1. ဘာလို့ဒီလောက်တော်နေတာလဲ ကဗျာလေးကမိုက်မှမိုက်
    ဘေးထိုင် ဘုပြောပြီး
    ဘ၀င်မကျ ဘ၀ကိုအပြစ်မြင်
    လောကကြီးကို အပြစ်တင်နေမနေပါနဲ့။

    ReplyDelete
  2. လောကမှာ
    ရုပ်ဝတ္ထုပစ္စည်း အလျှံအပယ်ကြွယ်ဝရုံနဲ့
    ဘ၀ရဲ့ အနှစ်သာရကို
    မတွေ့နိုင်ကြပါဘူး------ဟုတ်တယ်လေပြေရေ
    လူအတော်များများကတော့ ရုပ်ဝထ္ထုတွေက သူတို့ရဲ့ မာန်ကိုတက်စေနေတာ
    သူ့တို့ကိုယ်တိုင်မသိကြသေးဘူး

    ReplyDelete
  3. လေပြေရေ

    အလွမ်းရောက်ခဲ့ပြီး မိုက်မှမိုက် ဆိုတဲ့ ကဗျာလေးကို
    ခပ်ကြမ်းကြမ်းလေး ခံစားသွားတယ်။

    စံပယ်ပြောတဲ့ ((( လူအတော်များများကတော့ ရုပ်ဝထ္ထုတွေက သူတို့ရဲ့ မာန်ကိုတက်စေနေတာ
    သူ့တို့ကိုယ်တိုင်မသိကြသေးဘူး)))) အလွမ်းပါဘူးနော်...

    အဟင့် -- ဘေးထိုင်ဘုပြောတာတော့ ဖြစ်ချင်ဖြစ်နိုင်တယ်..အဟီး


    ခင်တဲ့
    အလွမ်း

    ReplyDelete
  4. “လောကကြီး ဘာဖြစ်နေလဲ” ဆိုတာထက်
    “လောကကြီးကို ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတာတာ
    စဉ်းစားပါ။ ........... မမရေ ... ဒီကဗျာလေးကို အလွန့်အလွန် ကြိုက်၏ ... :)

    ReplyDelete
  5. “လောကကြီး ဘာဖြစ်နေလဲ” ဆိုတာထက်
    “လောကကြီးကို ငါဘာလုပ်ပေးနိုင်မလဲ” ဆိုတာသာ စဉ်းစားပါ။
    လူသားတိုင်း လုပ်သင့်တာဝန်ပဲ အစ်မရေ
    ရေးတတ်ပါပေ့ ... လာရောက်ပြီးဖတ်ရှုသွားတယ်
    လင့်ချိတ်လိုက်ပါပြီနော်

    ReplyDelete
  6. ဘာပဲပြောပြော ကျွန်တော်ကတော့ အချင်းချင်းတိုက်ခိုက်ဝေဖန်နေကြတဲ့ နိုင်ငံရေးသမားဆိုတဲ့ သူတွေထက် လောကကြီးမှာ ဘောဂဗေဒပညာရှင်တွေ ရှိတာပိုကြိုက်တယ်။
    (ဒါပေမဲ့....ဘဝတစ်ခုအတွက်တော့ အနှစ်သာရမဟုတ်ဘူးပေါ့)

    ReplyDelete