1. 1. 1.

Tuesday, August 7, 2012

မာယာများနဲ့ ကောင်းကင်

စွဲလန်းသူ ရင်ခွင်ရဲ့
အဖြူရောင် စာမျက်နှာထက်
နာကျင်အောင် ဆေးရောင်ခြယ်လို့
ရောင်စုံတိမ်တွေ သူရေးဆွဲခဲ့
မာယာများတဲ့ ချစ်သူရယ်...။

မျက်ဝန်းတွေကို လွမ်းအောင်ညှို့တဲ့
တိမ်ဖြိုမိုးလို ရင်မှာငိုရင်း
ဖျားနေတဲ့ ရင်ခွင်ကိုမှ
စနစ်တကျ လွမ်းတက်အောင်လို့
နတ်ဆိုးတစ်ပါးလို
 ပြုစားရက်တယ်...။

ခံစားချက်တွေ အသက်ဝင်လို့
ချိုမြိန်ခြင်းကင်းတဲ့ ပါးပြင်ထက်
နာကြည်းခြင်း မျက်ရည်စတွေနဲ့
ဒီအလွမ်းညတွေကို ကုန်ဆုံးခဲ့ရတာ
ငါ့ရင်တွေလည်း နာကျင်နေပါပြီး...။

မပြောင်းလဲတဲ့ မေတ္တာတွေနဲ့
ဒီတောင်စွယ် နေကွယ်သွားလည်း
လရောင်ကင်းတဲ့ ညနက်တွေထဲ
မျက်ရည်တွေ မကြွေပါရစေနဲ့တော့.....
ကမ္ဘာမြေမှာ မကြေငြာဖူးတဲ့
ငါ့အချစ်တွေကိုသစ္စာပြုလို့
အမှတ်တရဆိုတဲ့
အလွမ်းပန်းတွေကို ငါရွေးသီလို့နေပါ့မယ်ချစ်သူ...။

6 comments:

  1. အလွမ်းပန်းတွေကူကာရွေးပြီးသီကူပါ့မယ်

    ReplyDelete
  2. ခံစားချက်တွေ အသက်ဝင်လို့
    ချိုမြိန်ခြင်းကင်းတဲ့ ပါးပြင်ထက်
    နာကြည်းခြင်း မျက်ရည်စတွေနဲ့
    ဒီအလွမ်းညတွေကို ကုန်ဆုံးခဲ့ရတာ
    ငါ့ရင်တွေလည်း နာကျင်နေပါပြီး...။
    ကဗျာလေးကောင်းတယ်

    ReplyDelete
  3. ကဗျာလေးကဖတ်လို့ အရမ်းကောင်းပါတယ်
    ကဗျာလေးကိုခံစားသွားတယ်နော်
    နောက်လည်းသည်ထက်မကရေးနိုင်ပါစေ

    ReplyDelete
  4. ကမ္ဘာမြေမှာမကြော်ငြာဖူးသေးတဲ့အချစ်တဲ့လားကွာာာ
    အဲ့နေရာလေးကိုအတော်သဘောကျမိတယ်
    ပျော်ရွှင်ပါစေ ခင်တဲ့
    ဇာနည်

    ReplyDelete
  5. အလွမ်းပန်းတွေကို ငါရွေးသီလို့နေပါ့မယ်ချစ်သူ...။

    လေပြေရေ.အလွမ်းလာရောက် အားပေးပြီး အလွမ်းပန်းတွေ ကူညီပေးခဲ့တယ်နော်.
    ဘလော့လေးဖွင့်လိုက်တိုင်း သီးချင်းလေးက ဟတ်ထိတယ် ဟတ်ထိတယ်ဘဲ...
    ရေးတတ်လိုက်တာ သများတွေများ...

    ခင်တဲ့
    အလွမ်း

    ReplyDelete
  6. ကဗျာလေးက ရင်ထဲထိရောက်တယ်.. မ

    ညလေးတောင် တကယ်ခိုက်သွားပြီ.. ကူးလည်းကူးသွားတယ်နော်.. fb မှာတင်ချင်လို့.. :)

    ReplyDelete