1. 1. 1.

Sunday, July 15, 2012

“မသိခြင်းငါးပါး ဘယ်သူကသိမလဲ”

လူသားအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ သနားစရာ သတ္တ၀ါတွေဖြစ်ပါတယ်။

(၁) ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂) ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃) ဘယ်အချိန်မှာ သေမလဲ။
(၄) အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမလဲ။
(၅) သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။

ဒီမသိခြင်းငါးပါးက သက်ရှိသတ္တ၀ါအားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။ ကိုယ့်ကိုယ်ကို သိလှပြီ၊ တက်လှပြီလို့ အထင်ရောက်၊ ဘ၀င်မောက်နေကြတဲ့ ပုဂ္ဂိုလ်များ ကိုယ့်ဘ၀ကိုယ် မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘ၀လို့ နားလည် သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာန တက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။

မသိခြင်းငါးပါးကိုသာ လူသားအားလုံး သတိရကြမယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိလေသာ သောင်းကျန်းမှုတွေ နည်းပါးသွားပြီး ဒီကမ္ဘာလောကကြီးလဲ အပြစ်ကင်းစင် လှပသွားမှာ သေချာပါတယ်။ (အရှင်ဆန္ဒာဓိက)

2 comments:

  1. (အရှင်ဆန္ဒာဓိက) ရဲ့ မသိခြင်းငါးပါးကို မျှဝေပေးလို့ကျေးဇူးပါလေပြေချိုရေ

    ReplyDelete