1. 1. 1.

Wednesday, July 4, 2012

ဘ၀တစ်ခု၏ အဆိုးအကောင်း

အချစ်ရဆုံးပေမယ့်
ခွဲခွာမှုတွေနဲ့ နိဂုံချုပ်ရတော့လည်း
တရားသဘောနဲ့ ဖြေသိမ့်ခဲ့ရဖူးတယ်။

မုန်းတီးနေပေမယ့်
အချိုဆုံးအပြုံးတွေနဲ့ နှလုံးသားကခိုင်းစေတော့လည်း
ခွင့်လွှတ်စွာနဲ့ မေ့ပြစ်ခဲ့ဖူးတယ်။

ဆုံးရှုံးနေပေမယ့်
ဖြူစင်တဲ့သီအိုရီတွေနဲ့ ရိုးသားစွာကြိုးစားခဲ့တော့လည်း
ချွေးစက်တွေကြား အနိုင်ရခဲ့ဖူးတယ်။

အားငယ်နေပေမယ့်
အတ္တကင်းတဲ့သံယောဇဉ်တွေနဲ့ သန့်ရှင်းစွာခင်တွယ်ခဲ့တော့လည်း
ကမ္ဘာမြေရဲ့တစ်နေရာဆီက ခွန်အားတွေလည်းရခဲ့ဖူးတယ်။

လောကဓံကခါးသီပေမယ့်
ရှင်သန်မှုရဲ့တန်ဖိုးတွေနဲ့ လေ့ကျင့်ဖြေသိမ့်ခဲ့ရတော့လည်း
ခဏရတဲ့ဒီကာလမှာ စိတ်ဒဏ်ရာကိုမေ့ခဲ့ဖူးတယ်။

ဆန္ဒပါးပါး မထားချင်ပေမယ့်
မာယာစုံတဲ့သကာရုံတွေနဲ့ ငါ့ဘ၀ကိုအလွှာခြုံခဲ့မိလို့လည်း
ရှိုက်သံတွေကြား နောင်တများလည်းရခဲ့ဖူးတယ်။

2 comments:

  1. ဘဝတစ်ခုရဲ့အဆိုးအကောင်းတွေကြားထဲမှာ ကျော်လွှားနိုင်တဲ့ ခွန်အားတွေ ပိုင်ဆိုင်ပါစေ.။
    ကဗျာကောင်းလေးတစ်ပုဒ်ပါ။
    ချမ်းမြေ့ပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. လောကဓံကခါးသီပေမယ့်
    ရှင်သန်မှုရဲ့တန်ဖိုးတွေနဲ့ လေ့ကျင့်ဖြေသိမ့်ခဲ့ရတော့လည်း
    ခဏရတဲ့ဒီကာလမှာ စိတ်ဒဏ်ရာကိုမေ့ခဲ့ဖူးတယ်။


    အားပေးသွားတယ်။။။ ဂွတ်ထ။။


    ခင်တဲ့
    အလွမ်း

    ReplyDelete