1. 1. 1.

Wednesday, June 27, 2012

အဖြူရောင် တိမ်တိုက်လေး

တစ်ချိန်တုန်းက..........
ကျမအသိစိတ်အာရုံကို တဖန်ပြန်လည်လွတ်လပ်ခွင့် ပေးခဲ့ပြီးတဲ့အချိန်မှာ အလွန်မွန်မြတ်တဲ့ စိတ်စေတနာတွေနဲ့ အတွေးတိုင်းကို နွေးထွေးစေခဲ့တာ။

ဘယ်လိုမှ နှိုင်းတုပုံဖေါ်လို့မရနိုင်တဲ့ နွေးထွေးကြင်နာတက်တဲ့ အပြုံးတွေနဲ့ ကျမရဲ့စိတ်အာရုံတွေကို ညှို့ယူဖမ်းစားစေခဲ့တာ။

ကျမဘ၀ရဲ့ နာရီပေါင်းများစွာ၊ နေ့စွဲပေါင်းများစွာမှာ ရေးဆွဲခဲ့တဲ့ ဘ၀ပန်းချီကားတွေက သူ့ရဲ့ ဂရုဏာစုတ်ချက်တွေကြောင့်သာ အသက်ဝင်လာခဲ့ရတာ။

စကားလုံးတွေကိုလည်း ချိုသာတဲ့တေးသံလေးလို စည်းဝါးတကျပြောဆိုတက်လို့ သူ့ရဲ့စကားသံတွေကို ကျမနှလုံးသားက ဂရုတစိုက်လေး နားထောင်ဖြစ်ခဲ့တာ။

အလင်းရောင်မဲ့တဲ့ လကွယ်ညတွေကို အားမငယ်စွာ ဖြတ်ကျော်ဖို့အတွက် အဝေးကနေပြီး အားအင်လေးတွေလည်း ပေးနေတက်တာ။

မျှော်လင့်ချက်တွေကင်းမဲ့နေပြီး အေးစက်နေတဲ့ နှလုံးသားကို နွေးထွေးတဲ့ယုယမှုလေးတွေနဲ့အတူ နေအ၀င်မှာတောင် ကျမပျော်ရွှင်နေခဲ့တာ။

လမသာတဲ့ ညတွေမှာတောင် အမှောင်ထုကို အန်တုဖို့အတွက် တောက်ပတဲ့ အဖြူရောင် ကြယ်ပွင့်လေးအဖြစ် ကျမဘ၀ကို လင်းလက်တောက်ပစေခဲ့တာ။

ရိုးသားမှုကို မြတ်နိုးသူအတွက် အေးမြတဲ့အရိပ်လေးမိုးလို့ ကျမဘ၀မှာ အဖြူရောင်တိမ်တိုက်လေးအဖြစ် ကျမနှလုံးသား တစ်နေရာမှာ အမြဲအမှတ်ရနေစေဖို့ ထာဝရ နေရာယူထားခဲ့တာ။

ကြယ်ကြွေတွေကို အတူကြည့်လို့ ကျမအတွက်ဆိုပြီး ဆုတောင်းတွေလည်း ထပ်တူကျအောင် သူကဆုတောင်းပေးခဲ့လို့ အံ့သြ၀မ်းသာဖြစ်ခဲ့ရတာ....ကျမဘ၀မှာ အမှတ်တရ အဖြစ်ရဆုံးပါ။

No comments:

Post a Comment