1. 1. 1.

Thursday, May 17, 2012

ကျန်ပါသေးတယ်

အောင်မြင်မှုဟာ သင်လိုချင်တဲ့ သင်လိုအပ်တဲ့ အရာဆိုရင်
ဘယ်လောက်မြင့်မားတဲ့ နေရာဖြစ်နေပါစေ တစ်ဆစ်ခြင်း၊ တစ်ရစ်ခြင်း
မှန်မှန်တက်ရင် ခြေချော်ကျစရာ မရှိပါဘူး။

လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ နာကျင်မှု
ဒဏ်ရာဒဏ်ချက်တွေဟာ ဘ၀ခရီးလမ်းတစ်နေရာရာမှာ
လူတိုင်း ကြုံဆုံရစမြဲပါ။

ဒီဝေဒနာတွေကို ခံနိုင်ရည်ရှိပြီး ရင်ဆိုင်အန်တုနိုင်မှသာ
သင်မျှော်လင့်နေတဲ့ အောင်မြင်မှုကို  ရယူနိုင်မှာပါ။

လက်ရှိအခိုက်အတန့်ကလေးမှာ ဘယ်လိုအခွင့်အရေးပဲ ဆုံးရှုံးသွားပါစေ
သင့်မှာ တန်ဖိုးရှိတဲ့အချိန်တွေ အများကြီး ကျန်ရှိနေပါသေးတယ်။

No comments:

Post a Comment