1. 1. 1.

Thursday, May 17, 2012

ချစ်သမျှကို

ချိုရွှင်သာတဲ့ အပြောတို့နဲ့
သူ့နှုတ်ခမ်းက မုသားချို
တေးသံတစ်ချို့ငါသိပေမယ့်
နင့်အပြုံး နင့်သဏ္ဍာန်
နင့်ဟန်ပန် နင့်စကား
အမှတ်မထင် ဖြတ်သွားစဉ်
ငါ့နှလုံးသား လာထိ
စွဲလန်းကာလေ ငါမမေ့...။

ချစ်သမျှကို ရေတွက်မယ်ဆို
ငါ့စိတ်က နင့်တစ်ယောက်တည်းးကို
မမြင်သော်လည်း ငါ့ဝိညာဉ်က
နင့်အနားမှာ ထာဝရ...။

နိစ္စဓူဝအစဉ်အမြဲဆိုသလို
ငါ့ဘ၀ရဲ့ အလင်းရောင်လေးလို
နင့်ကိုလေ ချစ်ရတာ
စံပြုလောက်စရာ...။



နင့်ကိုလွမ်းစိတ် ဒီအချိန်တွေကို
ကြယ်လေးတွေနဲ့ စကားတွေဆို
တောင်းဆုလေးတွေ ပြည့်ဝစေဖို့
လမင်းလေးကို သက်သေတည်လို့
ငါ့ရင်ထဲက စကားတစ်ချို့...။

အငိုအပြုံးများနဲ့ ငါ့ဘ၀မယ်
ကံကြမ္မာဖန်ညွှန်းလျှင်ကွယ်
နင့်ကိုချစ်တဲ့ ဇောအဟုန်ရယ်
တမလွန်အထိပေါ့ နင့်ကိုကွယ်
ငါချစ်နေလိမ့်မယ်...။

No comments:

Post a Comment