1. 1. 1.

Tuesday, May 29, 2012

အရိုးရှင်းဆုံး လွမ်းချင်း

ငါနင့်ကိုလွမ်းတာ...
နံနက်ခင်းရဲ့ နေခြည်လေးလဲသိတယ်
လေညှင်းနုနုလည်း သိတယ်
တေးသီကြတဲ့ ကျေးငှက်တို့
သူတို့လည်းသိပါတယ်။

ငါနင့်ကိုလွမ်းတာ...
ကောင်းကင်ကြီးလည်း သိတယ်
တိမ်စိုင်တွေလည်း သိတယ်
ပြိုတော့မယောင် ဟန်ပြင်နေတဲ့
မိုးမင်းလည်း သိပါတယ်။

ငါနင့်ကိုလွမ်းတာ...
ညနေခင်းလေး သိတယ်
ရွေအိုရောင် ဆည်းဆာလေးလည်း သိတယ်
အိပ်တန်းတက်မယ့် ကျေးငှက်တို့
သူတို့လည်း သိပါတယ်။

ငါနင့်ကိုလွမ်းတာ...
ညချမ်းလေးလည်း သိတယ်
ဟိုး..ဝေးဝေးက ကြယ်ဖြူလေးလည်းသိတယ်
ကျမချစ်တဲ့ ဖိုးလမင်း
သူလည်းပဲ သိပါတယ်။

No comments:

Post a Comment