
ပျော်ရွှင်စရာတွေ မပေးနိုင်ခဲ့လို့
တိုးတိတ်ကာတွေဝေ
ခပ်ဝေးဝေးကိုငေးရင်း
နှလုံးသားလေးက
တစ်ချက်တစ်ချက် အောင့်နေလေရဲ့...။
သံယောဇဉ်တွေနဲ့ ခင်လာသူကို
အကြင်နာတွေ မပေးနိုင်ခဲ့လို့
ဒဏ်ရာတွေပြည့်နေတဲ့ နှလုံးသားက
အလွမ်းဝေဒနာတွေ ထွေးပိုက်ရင်း
ရင်ခွင်လေးလည်း
တစ်ခါတစ်ခါ ညည်းနေလေရဲ့...။
သံယောဇဉ်တွေနဲ့ ခင်လာသူကို
ဝေဒနာတွေ မပေးချင်လို့
ဖြူစင်ခြင်း ဆွဲအားတွေနဲ့
ကြည်လင်နေတဲ့ ကောင်းကင်ဆီက
ကြယ်ဖြူတစ်ပွင့် ခူးဆွတ်လို့
လက်ဆောင်အဖြစ် ပေးခဲ့ပါရစေ...။
သံယောဇဉ်တွေနဲ့ တွယ်တာသူရယ်
ဒီသံယောဇဉ် အရာင်မစွန်းခင်
အနောက်ဘက်ကို တည့်တည့်သွားလို့
လသာတဲ့ ညတွေကိုလည်း
တမ်းတမနေစေချင်ဘူး..။
တိမ်တွေကိုလည်း
အပြစ်မဆိုစေချင်ဘူး..။
အဖြူရောင် ပန်းခင်းလေးထဲ
ဖြူစင်ခြင်းတွေ ပျိုးကျဲလို့
ထာဝရ ခင်နေစေချင်ပါတယ်...။
No comments:
Post a Comment