1. 1. 1.

Wednesday, April 11, 2012

ဆက်ရန်မရှိ

လာမယ့်အနာဂါတ်
မင်းအတွက်ဆိုပြီး
အရုဏ်အတက်လို သက်ဝင်ခဲ့လည်း
မဲ့ပြုံးတစ်ချက်နဲ့မင်းက ဖျက်ခဲ့တယ်..

စစ်မှန်တဲ့ချစ်ခြင်း
မင်းအတွက်ဆိုပြီး
နံနက်ခင်းပန်းလို သင်းစေခဲ့လည်း
ခပ်တင်းတင်းနဲ့ မင်းက နင်းခဲ့တယ်..

မာနတွေကွာကျ
မင်းအတွက်ဆိုပြီး
ဆောင်းမနက်လို နှင်းတွေလွှာချခဲ့လည်း
မညှာမတာ.. မင်းက ခွာချခဲ့တယ်..

အတိတ်အိုကို
မင်းအတွက်ဆိုပြီး
SPY တစ်ယောက်လို မလျှိုခဲ့လည်း
မလိုတော့ချိန်မှာ  မင်းက ငြိုညင်ခဲ့တယ်..

ဒီလို အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်
တွေးနေရင်း အသက်ရှူရပ်တဲ့ အဖြစ်
ဒီမှာတင် အဆုံးသတ်ပစ်ဖို့
ငါအရင်သာ ပြောခဲ့မယ်..

ဘယ်တုန်းကမှ လျှော့မကျခဲ့တဲ့
ငါ့အချစ်တွေ.. မင်းအတွက်
တသသနဲ့ လှစေခဲ့လည်း
ပတ်သတ်သမျှ အရာရာကို
နှုတ်ဆက်ခြင်း ဒီကဗျာနဲ့အတူ
ငါ့နှလုံးသားကို မင်းအတွက် ..
အမှတ်တရဖြစ် လှူရစ်ခဲ့မယ်..
ဆက်ရန်မရှိတဲ့ ဘ၀တိုတိုမှာ
နေသာသလို နေခဲ့တော့ကွယ်..။
(ညလေးရဲ့ ကဗျားလေးပါ)

No comments:

Post a Comment