1. 1. 1.

Sunday, April 15, 2012

စိတ်ခွန်အား

သင့်မှာ ပြင်းပြတဲ့စိတ်ဓါတ်သာရှိရင်
ကမ္ဘာမြေကြီးကိုတောင် ရွေ့ပြနိုင်ပါတယ်။

လူသားတွေရဲ့ လောကမှာ
လူမစွမ်းနိုင်တာဆိုလို့ ဘာမှမရှိပါဘူး။

မိုးလောက်ကြီးတဲ့ ကိစ္စပဲဖြစ်နေပါစေ
ပြင်းပြတဲ့ စိတ်ဓါတ်သာရှိရင်
ကြိုးစားရင် အရာရာကိုစွမ်းဆောင်နိုင်ပါတယ်။

သင်ဟာ စိတ်ရဲ့အခြေအနေကို
လွတ်လပ်စွာ ပိုင်ဆိုင်နိုင်သလို
အပြည့်အ၀သုံးစွဲနိုင်တဲ့ လက်နက်လဲဖြစ်တယ်။

သဘာဝတရားဟာ အမြဲတမ်းတရားမျှတပါတယ်။

သင် ရယူချင်သလောက်အရာနှင့်အညီ
ပြန်လည်အားစိုက်ရပါလိမ့်မယ်။

ဘယ်လိုအရာတွေအတွက်မဆို
အရင်ဆုံး ပေးဆပ်ရမှာက
စိတ်ဓါတ်ပါပဲ...။

 

No comments:

Post a Comment