1. 1. 1.

Friday, March 9, 2012

ဝိညာဉ်ပေါ်ကျသွားတဲ့ ကဗျာ

ဒီည ၀မ်းနည်းဖွယ်အကောင်းဆုံး စာကြောင်းတွေ ငါရေးနိုင်တယ်။
ဥပမာ ဒီလိုရေးမယ်။
“ညဟာ ပြိုကွဲပျက်စီးသွားပြီး ကြယ်ပြာလေးတွေလည်း
အဝေးမှာ ချမ်းတုန်နေကြရှာတယ်
ညလေဟာ ကောင်းကင်ယံမှာ လည်ပြီး
တေးသီနေလေရဲ့”...။

ဒီည ၀မ်းနည်းဖွယ်အကောင်းဆုံး စာကြောင်းတွေ ငါရေးနိုင်တယ်။
ဥပမာ ဒီလိုရေးမယ်။
“ငါ့ကို သူချစ်တယ်၊ တစ်ခါတစ်လေ ငါလည်းသူ့ကိုချစ်ပါရဲ့
အခုလို ညမျိုးတွေမှာ ငါ့ကို သူ့လက်နှစ်ဖက်နဲ့ ပွေ့ဖက်ခဲ့။
အဆုံးမဲ့ ကောင်းကင်အောက်မှာ 

သူငါ့ကို မြတ်နိုးစွာ ကြည့်နေလေရဲ့”...။
“သူ့ကို ငါချစ်တယ်၊ တစ်ခါတစ်လေ သူလည်းငါ့ကိုချစ်ပါရဲ့
သူရဲ့ တည်ငြိမ်စူးရှတဲ့ မျက်ဝန်းတွေကို မချစ်ပဲ နေနိုင်ပါ့မလား”...။

ဒီည ၀မ်းနည်းဖွယ်အကောင်းဆုံး စာကြောင်းတွေ ငါရေးနိုင်တယ်။
ဥပမာ ဒီလိုရေးမယ်။
 “သူနဲ့ ဆုံဆည်းခွင့်မရှိတာ စဉ်းစားဖို့၊ ဆုံးရှုံးသွားရတာကို ခံစားဖို့”
 ခုတော့ ကြီးမားတဲ့ ညကိုကြားဖို့၊ သူမရှိတော့ ပိုကြီးမားနေရဲ့
မြက်ခင်းပေါ်ကျသွားတဲ့ နှင်းစက်လို ကဗျာလေးလည်း 
ဝိညာဉ်ပေါ် ကျသွားလေရဲ့။

အချစ်ဆိုတာဘာလဲ
ညဟာ ပြိုကွဲပျက်စီးသွားပါပြီး သူကတော့ အဝေးဆုံးမှာ
ဒါပါပဲ
အဝေးမှာ လူတစ်ယောက် တေးသီနေတယ်..ဟိုးးးဝေးဝေးမှာ
အခုတော့ ဆုံးရှုံးမှုတွေနဲ့ ငါ့ဝိညာဉ်က မကျေနပ်။

No comments:

Post a Comment