1. 1. 1.

Monday, March 12, 2012

အဖြူရောင်သံစဉ်

ရိုးသားခြင်းတွေနဲ့ အခြေတည်ထားတဲ့
ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုမှာ
ဆန်းပြားတဲ့ ရင်ခုန်သံတွေ မပါခဲ့ပါဘူး...။

အတ္တ၊ ရမ္မက်ကင်းတဲ့ ပေးဆပ်မှုတွေနဲ့
ငါတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုမှာ
ဂုဏ်ပကာသနတွေလည်း အသုံးမ၀င်ခဲ့ပါဘူး...။

နှောင်ဖွဲ့ထားတဲ့ ဖြူစင်ခြင်းမေတ္တာတွေနဲ့
ငါတို့နှစ်ယောက်ရဲ့ သံယောဇဉ်မှာ
ထူးဆန်းတဲ့ မာယာစုံတွေ ခြုံမထားခဲ့ပါဘူး...။

ရိုးရှင်းတဲ့ သံယောဇဉ်ကြိုးတွေနဲ့
အနွံအတာခံ ရစ်ပတ်လို့
ထာဝရရှင်သန်ခွင့် ရချင်တဲ့
အပင်ငယ်လေးပါ...။



ဘ၀အမောတွေကြား
တစ်ခါတစ်လေမှာ ကျရှုံးတဲ့အခါ
အေးချမ်းတဲ့ ဒီအရိပ်မှာ
လိုအပ်ရင် နားခိုလှည့်ပါ...။

သောကမုန်တိုင်းတွေကြား
ဗျာ မများရအောင်တော့
နွေးထွးတဲ့ အရိပ်လေးအဖြစ်
ဖန်တီးပေးနိုင်ပါတယ်လေ...။

No comments:

Post a Comment