1. 1. 1.

Wednesday, March 21, 2012

ချစ်မေတ္တာ

ပျော်ရွှင်မှုတွေ မွေးဖွားစေလို့
ဝမ်းနည်းမှုတွေ ဝေးလွင့်စေတာ
ချစ်မေတ္တာ...။


ဒေါသတွေကို လျော့ပါးစေလို့
အမုန်းတရားကို ဆန့်ကျင်စေတာ
ချစ်မေတ္တာ...။


အလှတရားတွေကို ဖန်ဆင်းစေလို့
အကျည်းတန်မှုတွေ ကင်းဝေးစေတာ
ချစ်မေတ္တာ...။


လရိပ်လေးလို အေးမြစေလို့
ကြယ်စင်ပမာ လင်းလက်စေတာ
ချစ်မေတ္တာ...။


စကားလုံးတွေ သီကာကုံးလို့
ကဗျာတစ်ပုဒ် လှပစေတာ
ချစ်မေတ္တာ...။

No comments:

Post a Comment