1. 1. 1.

Thursday, March 22, 2012

ချစ်လို့ပါ

နင့်ကို ချစ်တယ်ဆိုတာထက်
ဒီထက် နက်ရှိုင်းတဲ့စကားလုံမျိုးရှိရင်
ငါပြောပြချင်ပါတယ်။
ဒါတွေကို နင်မသိနိုင်တဲ့အခါ
ငါ ၀မ်းနည်းရပါတယ်။

နင့်ဘေးမှာ အတူရှိခွင့်ရတဲ့
အချိန် အခိုက်အတန့်လေးတွေမှာ
ပျော်ရွှင်စရာ အမှတ်တရလေးတွေ
နင့်အတွက် ဖန်တီးပေးချင်ပေမယ့်
ငါ့ဖန်တီးမှုတွေကို
နင်အသိအမှတ်မပြုတဲ့အခါ
ငါ အားငယ်ရပါတယ်။

နာကျင်တာ ၀မ်းနည်တက်တာ
အားငယ်တက်တာ မျက်ရည်ကျတက်တာတွေက
ကျမရဲ့ အားနည်းချက်တွေပါ။


အဲ့ဒီ အရာတွေထဲက
တစ်ခုခုကို
နင်က လက်ဆောင်အဖြစ်ပေးမယ်ဆိုရင်လည်း
ငါ ကြေကွဲစွာ
လက်ခံယူမှာပါ။

No comments:

Post a Comment