1. 1. 1.

Tuesday, February 7, 2012

အတုံ့အလှည့်

ကြင်နာမှု အတုအယောင်နဲ့
မချစ်ဖူးသေးတဲ့ အသည်းနုနုကို
ဒဏ်ရာပေးပြီ နာကျင်စေခဲ့တာ
ခံနိုင်ရည်စွမ်း ရှိသမျှပေါ့
နင့်စိတ်တိုင်းကျ ဖြစ်စေရမယ်.....။

ငိုကြွေးခြင်းနဲ့ မျက်ရည်တွေဟာ
သိမ်ဖျင်းတဲ့ အရာတွေပဲမို့
နင့်ရဲ့အလိမ်အညာတွေအောက်မှာ
ငါ့ဘ၀ ကျဆုံးသွားမယ်လို့များ
နင်ထင်ရင် မှားမှာပေါ့.....။

စွန့်လွှတ်ဖို့ အချိန်တန်ရင်တော့

နှလုံးသားက ဘယ်လိုအနစ်နာခံပါစေ
ပြတ်သားစွာ စွန့်လွှတ်နိုင်ရမယ်ဆိုတာ
အချစ်မှာ ပြဌာန်းထားတာမရှိပေမယ့်
သာဓကတွေ များစွာ ရှိခဲ့တယ်နော်.....။

ဘ၀ဆိုတာ မတည်မြဲတဲ့အရာမို့
အခန်းဆက် ၀တ္ထုရှည်ပမာ
ပျော်စရာလေးတွေ ရှိနိုင်သလို
တစ်ခါတစ်လေတော့လည်း ငိုရမှာပေါ့။
အစစ်အမှန်တွေ ရှိနိုင်သလို
အတုအယောင်တွေလည်း ရှိတက်ပါတယ်။

အချစ်အတုတွေ ကုန်ဆုံးသွားလို့
အမုန်းတွေအလှည့် ရောက်လာရင်
ကံကြမ္မာရဲ့ တန်ပြန်မဲ့ဒဏ်
နင်ခံနိုင်ဖို့ ပြင်ဆင်ထားပေါ့....။

No comments:

Post a Comment