1. 1. 1.

Tuesday, January 17, 2012

သိစေချင်သည်...

လောကကြီးမှာ ငွေရှိရင်ဘာမဆို ၀ယ်လို့ရတယ်ဆိုတာ မှန်သင့်သလောက်ပဲ မှန်ပါတယ်။
ငွေနဲ့ အစားအစာကို ၀ယ်လို့ရမယ် အရသာကို ၀ယ်လို့မရပါဘူး။

ငွေနဲ့ ဆေးဝါးကိုဝယ်နိုင်တယ်၊ ကျန်းမာရေးကိုဝယ်လို့မရဘူး။

ငွေနဲ့ အ၀တ်အစားကိုဝယ်နိုင်တယ်၊ လှပမှုကိုမ၀ယ်နိုင်ဘူး။

ငွေနဲ့ အပျော်အပါးကိုဝယ်နိုင်တယ်၊ ပျော်ရွှင်မှုကိုတော့ဝယ်လို့မရဘူး။

ငွေနဲ့ ခိုင်းစေလို့ရတဲ့သူတွေဝယ်နိုင်တယ်၊ သစ္စာစောင့်သိမှုကို မ၀ယ်နိုင်ဘူး။

ငွေနဲ့ အပေါင်းအသင်းများအောင်လုပ်နိုင်တယ်၊ မိတ်ဆွေစစ်ကိုတော့မ၀ယ်နိုင်ပါဘူး။
ငွေနဲ့ အပေါ်ယံ အခွံအကာတွေဝယ်နိုင်ပေမယ့် အတွင်းအနှစ်သာရကိုတော့ ၀ယ်လို့မရဘူးဆိုတာသိစေချင်ပါတယ်။။။။။

No comments:

Post a Comment