
လရိပ်ကို စောင့်ရှောက်လို့
ဟိုး... ဝေးဝေးက တေးသံကြားရာ
တစ်ချက်လေး လှည့်ကြည့်မိတယ်
ပင်ယံထက်က ငှက်ငယ်ရယ်လေ
ဟိုတုန်းကလို တေးဆိုနေတယ်...
ဟိုတုန်းကလို နှုတ်ဆက်တယ်...
ဟိုတုန်းကလို ပြုံးပြန်တယ်ကွယ်.....။
ဒါပေမယ့်လဲလေ
အလွမ်းတွေ သိပ်သည်းလွန်းနေတော့
တစ်ချက်တစ်ချက် သတိရလိုက်တိုင်း
ရင်ထဲက ခဏခဏရွတ်ဆိုမိတယ်...
နှစ်၊ လ၊ ရာသီ အလီလီပြောင်းသွားလဲ
ဟောင်းမသွားတဲ့ ကဗျာလေးတစ်ပုဒ်ကိုပေါ့.....။
ဟိုး.... အရင်တုန်းက
တို့နှစ်ယောက်အတူ ဖန်တီးဖူးတဲ့
လှပတဲ့နေ့ရက်တစ်ချို့ ပြန်လည်လို့တမ်းတမိတိုင်း
အမှတ်တမဲ့စီးဆင်းလာတဲ့ မျက်ရည်စမ်းချောင်းလေးထဲ
ဒီ အလွမ်းလက်ဆောင်လေးကိုလည်း
မျှောမပြစ်ရက်ခဲ့ဘူး.....။
ဒီလိုပါပဲ
ကိုယ်တိုင်ရေးစပ်ထားတဲ့ နှလုံးသားထဲက ကဗျာလေးမို့
အချိန်တွေနှောင်းသွားပေမယ့် နောင်တလည်းမရခဲ့ဘူး...။
ဒါတွေဟာ
တစ်ချို့တစ်ချို့သော သူတွေအတွက်
နားလည်ရခက်တဲ့ မေးခွန်းပေမယ့်
ငါ့..... ကမ္ဘာလေးအတွက်တော့
နှစ်သက်စရာကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ပါ...
ချစ်သူပေးတဲ့ လက်ဆောင်မို့လည်း
မြတ်နိုးစွာနဲ့ ထာဝရသိမ်းထားခဲ့တယ်...။
မှတ်ချက်။ ။ အလွမ်းရဲ့ချည်နှောင်မှုကြောင့် ဖန်ဆင်းဖြစ်လိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ...။ အမှတ်တရကတော့ ပုံလေးပေါ့... ဒီဓါတ်ပုံလေးရဲ့ ပြီးပြည့်စုံမှုက ငှက်ငယ်လေးတွေပါပဲ... ပြီးတော့ နေ၀င်ချိန်ဆည်းဆာရဲ့အလှကို ပိုပြီး အသက်ဝင်စေတယ်လေ... အဲ့ဒီငှက်လေးတွေကို ပါအောင်ရိုက်ရတာ သိပ်တော့မလွယ်လှပေမယ့် သူတို့လေးတွေကို သိပ်ကျေးဇူးတင်နေမိတယ်... အလင်းအမှောင်ကိုတော့ Picasa မှာ နဲနဲချိန်ထားတယ်... ကျန်တာတော့ သဘာဝအတိုင်းပါပဲ... ကျမချစ်တဲ့ သဘာဝရဲ့ အလှတရားပေါ့... :)
(9:45 PM)
ကဗျာက အရမ်းမိုက်တယ်အစ်မရေ..
ReplyDeleteဖတ်ရင်း ဖတ်ရင်း ထိရှကျန်ခဲ့တယ်
ဆက်လက် ထုဆစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်
ကဗျာက အရမ်းမိုက်တယ်အစ်မရေ..
ReplyDeleteဖတ်ရင်း ဖတ်ရင်း ထိရှကျန်ခဲ့တယ်
ဆက်လက် ထုဆစ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်
လေပြေရေ
ReplyDeleteကဗျာလေးကြိုက်တယ် ခံစားမှုလေးတွေတချို့နည်းနည်းဆင်တယ်
( ဒါပေမယ့်လဲလေ
အလွမ်းတွေ သိပ်သည်းလွန်းနေတော့
တစ်ချက်တစ်ချက် သတိရလိုက်တိုင်း
ရင်ထဲက ခဏခဏရွတ်ဆိုမိတယ်...
နှစ်၊ လ၊ ရာသီ အလီလီပြောင်းသွားလဲ
ဟောင်းမသွားတဲ့ ကဗျာလေးတစ်ပုဒ်ကိုပေါ့)
ကဗျာချိုချိုလေးကို
ReplyDeleteမျှဝေ ခံစားခဲ့ပါတယ် ညီမလေး။
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ။
ဒီလိုပါပဲ
ReplyDeleteကိုယ်တိုင်ရေးစပ်ထားတဲ့ နှလုံးသားထဲက ကဗျာလေးမို့
အချိန်တွေနှောင်းသွားပေမယ့် နောင်တလည်းမရခဲ့ဘူး...
အဲဒါသိပ်မှန်တယ်...ကိုရတုပြောသလိုပဲ
ဖတ်ရင်းနဲ့ကို ရင်ထဲ ငြိတွယ် ထိရှခဲ့ရတဲ့
ကဗျာလေးတစ်ပုဒ်ပါပဲ...:)))
မိုးနတ် အရမ်းပဲ နှစ်သက်မိတယ်...
ချစ်တဲ့....မိုးနတ်
ကဗျာလေးကလဲ ကဗျာဆန်တယ်။ ဓာတ်ပုံလေးကလဲကဗျာဆန်တယ်။ ပျော်ရွှင်ပါစေလေပြေလေးရေ။
ReplyDeleteနှလုံးသားထဲက စီးဆင်းလာတဲ့ အရာလေးတစ်ခုမို့ လှပသက်ဝင်နေတယ်.။
ReplyDeleteဘယ်တော့မှ ဟောင်းမသွားတဲ့ သွေးစက်တွေပေါ့..........
ခင်မင်လျက်
သဒ္ဓါလှိုင်း
ဓာတ်ပုံလေးရော၊ ကဗျာလေးရော အလွန်လှပါတယ်ခင်ဗျာ
ReplyDeleteသိပ်ကိုလှပတဲ့ကဗျာလေး။
ReplyDeleteရင်ထဲစူးနစ်ဝင်စေတယ်။
မမလေပြေရေ ကဗျာလေးက တိုက်ဆိုင်မှုတွေများလွန်းလို့
ReplyDeleteနှစ်ခါဖတ်ပြီး ခံစားသွားတယ်နော်
ပုံလေးကလည်းလှမှလှ ကျွန်တော်လည်း သဘာဝ ပုံလေးတွေကိုနှစ်သက်တယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
လေပြေရေ...
ReplyDeleteကဗျာကောင်းလေးနဲ့ ဓါတ်ပုံလေးကို လာရောက်အားပေးခဲ့တယ်။
ဟိုး.... အရင်တုန်းက
တို့နှစ်ယောက်အတူ ဖန်တီးဖူးတဲ့
လှပတဲ့နေ့ရက်တစ်ချို့ ပြန်လည်လို့တမ်းတမိတိုင်း
အမှတ်တမဲ့စီးဆင်းလာတဲ့ မျက်ရည်စမ်းချောင်းလေးထဲ
ဒီ အလွမ်းလက်ဆောင်လေးကိုလည်း
မျှောမပြစ်ရက်ခဲ့ဘူး.....။
မကြီးလွမ်းလည်း တစ်ခါတစ်ခါ အလွမ်းလက်ဆောင်လေးတွေကို မျှောမပြစ်ရက်ဘူးကွယ်။
ချစ်ခြင်းအားဖြင့်
မကြီးလွမ်း