ဘယ်လောက်ကြီးပဲ
တန်ဘိုးကြီးတဲ့
ကာလာစုံတွေနဲ့
အရေပြားကို
အလှဆင်ကြလဲ
ခလေးဘ၀တုန်းက
မေမေ
လိမ်းခြယ်ပေးခဲ့ဖူးတဲ့
ပါးနှစ်ဖက်က
သနပ်ခါးပါးကွက်ကြားလေးပဲ
နှစ်သက်မိတယ်မေမေ…။
ဘယ်လောက်ကြီးပဲ
အကောင်းမွန်ဆုံး လက်ရာတွေနဲ့
ဟင်းခွက်တွေ အမယ်စုံနေလဲ
ခလေးဘ၀တုန်းက
မေမေ ခွံ့ကျွေးပေးခဲ့ဖူးတဲ့
ပဲပြုပ်ဆီဆမ်း
ထမင်းကြမ်းလေးကိုပဲ
တောင်းတမိတယ်မေမေ…။
ဘယ်လောက်ကြီးပဲ
အကောင်းမွန်ဆုံး
အနုပညာရသတွေနဲ့
စိတ်ကူးတွေပုံဖေါ်ထားတဲ့
ရောင်စုံပိတ်ကားတွေ
တစ်အားခေတ်စားနေလဲ
ခလေးဘ၀တုန်က
မေမေ
ပြောပြခဲ့ဖူးတဲ့
အိပ်ယာဝင်ပုံပြင်လေးပဲ
တမ်းတမိတယ်မေမေ…။
ဘယ်လောက်ကြီးပဲ
ခမ်းနားတဲ့
အဆောင်အယောင်တွေနဲ့
ဘ၀လှလှ
ပိုင်ဆိုင်ထားလဲ
ခလေးဘ၀တုန်က
နွေးထွေးမှုအပြည့်နဲ့
အေးချမ်းစွာ ခိုလှုံခွင့်ရခဲ့တဲ့
မေမေ့ ရင်ခွင်လေးပဲ
အမြဲတမ်း လွမ်းနေမိတယ်မေမေ…။
မှတ်ချက်။ ။ နက်နက်ရှိုင်းရှိုင်းကို သတိရနေမိတယ်...
မေမေ နေကောင်းပါစေ
မေမေ ကျန်းမာပါစေ
မေမေ ချမ်းသာပါစေ
မေမေ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ
နိဗ္ဗာန်ရောက်ကြောင်းတရားများလည်း ကျင့်ကြံပွါးများ အားထုတ်နိုင်ပါစေ မေမေ။
မေမေ နေကောင်းပါစေ
မေမေ ကျန်းမာပါစေ
မေမေ ချမ်းသာပါစေ
မေမေ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ
နိဗ္ဗာန်ရောက်ကြောင်းတရားများလည်း ကျင့်ကြံပွါးများ အားထုတ်နိုင်ပါစေ မေမေ။
မရေ...ညလေးတော့ ဒီတစ်ခါအမေနေ့မှာ ပို့စ်လေးတင်ဖြစ်တော့မယ်
ReplyDeleteမထင်ဘူးးးးးး ဒါပေမဲ့ မရေးထားတဲ့ အမေများနေ့အမှတ်တရကဗျာလေး
ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ ..တကယ့်အနှစ်တွေပဲ
အမေ့ကို ညလေးပြောချင်နေတဲ့ စကားလုံးတွေပဲ...
ကျေးဇူးတင်ပါတယ် မရယ်...တကယ်ဆို ဒီရက်ထဲ ညလေးတို့အိမ်မယ်
အရမ်းကို အလုပ်တွေရှုပ်သကွယ်...အမှန်ဝန်ခံရရင် အမေများနေ့ကိုသိပေမဲ့ ရောက်တော့မှာကိုမေ့နေတာ...
မပို့စ်လေးကြောင့် နက်ဖြန်ခါမှာ မေ့ကို မွှေးမွှေးပေးဖို့မမေ့တော့ဘူးးးးးးးး
မိုးနတ်ထင်တယ်လေ ....မေအရမ်းပျော်သွားမှာ...
စိတ်ထဲမြင်ယောင်ကြည့်တာနဲ့တင် မိုးနတ်လဲတော်တော်ပျော်နေပြီ
မကဗျာလေးကို မိုးနတ်မေ့ကို ရွတ်ပြချင်တယ်..ရမလားဟင် :)
ကဗျာလေးအတွက် ကျေးဇူးကမ္ဘာပါရှင်...
ချစ်တဲ့...မိုးနတ်
အမေ့မေတ္တာကတော့ စာဖွဲ့လို့ မကုန်နိုင်လောက်အောင်ပါပဲ။
ReplyDeleteအမေဖွဲ့ကဗျာလေးမို့ စင်ကြယ်ဓာတ်ကလေးကို ထိတွေ့ခံစားမိပါတယ်။
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ။
ကျနော်လဲ မေမေ့ကို အရမ်းချစ်တယ်။ ကဗျာလေးက ရှင်းရှင်းလေးနဲ့ လှတယ်။ လေပြေရဲ့ မေမေလဲ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။
ReplyDeleteမိဘမေတ္တာတွေစာဖွဲ့ မကုန်နိုင်အောင်များလှပါပေတယ်
ReplyDeleteတကယ်လဲမေမေကိုလွမ်းမိတယ်
ကဗျာလေးဖတ်ပြီးငိုချင်မိပါရဲ့လေပြေရေ
လေပြေရေ ကဗျာလေး တကယ်ကောင်းတယ် ။အမေကဗျာရေးရတာမလွယ်ဘူး တော်တော်ခံစားရတယ် ။
ReplyDeleteအမေ့အတွက် ကဗျာလေးကလှတယ်။အားပေးသွားတယ် လေပြေရေ...
ReplyDeleteချစ်ခြင်းအားဖြင့်
အလွမ်း
သည်ပိုစ့်လေးကိုဖတ်လိုက်ရတာ နောက်ကျပေမဲ့ တန်ဖိုးရှိနေတုန်းပါ
ReplyDeleteသည်စာလေးကိုဖတ်ရင်းအဝေးကိုအမေကိုသတိရမိတယ်
အခုလိုအမေနေ့အတွက်ကဗျာလေးတင်ပေးတဲ့အတွက်ကျေးဇူးပါ
မမလေပြေလည်းပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
မမရဲ့ မေမေနှင့်တကွ ညလေးမေမေရော တစ်လောကလုံးက မေမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ... ကဗျာလေးဖတ်ရင်း ကြည်နူးမှုတွေကူးစက်သွားတယ် မမရေ ...
ReplyDelete