ဖယောင်းတိုင်လေးလို
မီးဇာကျွမ်းလို့ ဆီခမ်းသွားပါစေ
အလင်းရောင်လေးနဲ့ လမ်းပြလို့
ဖေးကူမယ့် သူမို့ပါ... မောင်
ချစ်သူအတွက်ဆို
နှလုံးသားလေးကို လှေခါးထစ်လို
ကြည်ဖြူစွာနဲ့ လမ်းခင်းပေးထားတယ်
နင်းလျှောက်လို့ သွားပါ... မောင်
ချစ်သူအတွက်ဆို
စီးဆင်းနေတဲ့ စိမ့်စမ်းရေလို
တသွင်သွင်နဲ့ ထာဝရစီးဆင်းနေမယ်
မခန်းခြောက်တက်တဲ့
ချစ်ခြင်း မေတ္တာတရားတွေနဲ့ပါ... မောင်
ချစ်သူအတွက်ဆို
ပန်းခရေလေးလို
နွမ်းခြောက်နေလဲ ရနံ့ပျောက်မသွားပဲ
အမြဲတမ်းပဲ သင်းပျံ့လို့နေပါ့မယ်
အမြဲတမ်းပဲ သင်းပျံ့လို့နေပါ့မယ်
ဘ၀အမောတွေ ပြေစေဖို့အတွက်ပါ... မောင်
ချစ်သူအတွက်ဆို
ပန်းစံပယ်လေးလို
ဖြူစင်တဲ့ ဂုဏ်သတင်းတွေနဲ့ ယဉ်တင့်လို့နေပါ့မယ်
မနောဖြူတဲ့ ကျေးတောသူတစ်ယောက်မို့ပါ... မောင်
ချစ်သူအတွက်ဆို
ကြွေလွင့်ရှာတဲ့ ငွေကြယ်ပွင့်လေးလို
အပြစ်မမြင်ပဲ လောင်ကျွမ်းခံပြီး ပေးဆပ်နေပါ့မယ်
အသဲအသက်နဲ့ စတေးပြီး ချစ်မယ့်သူမို့ပါ... မောင်
ချစ်သူအတွက်ဆို
အေးအတူပူအမျှ စွယ်တော်ရွက်ပမာလို
လောကဓံကြား မညီးမညူ
အားပေးကူလို့ နေပါ့မယ်
အားပေးကူလို့ နေပါ့မယ်
သံသရာအဆက်ဆက် ပါရမီဖြည့်မယ့်သူမို့ပါ... မောင်
မှတ်ချက်။ ။ မောင့် အတွက် ကြည်နူးစရာ ရင်တွင်းဖြစ်ကဗျာလေးပေါ့ကွယ်...။(4:20 PM)
ကဗျာလေးက ကြည်နူးစရာလေးပါလား။ မခန်းခြောက်တဲ့မေတ္တာတွေနဲ့ရှိနေပေးမယ့် မနောဖြူတဲ့သူလေးရဲချစ်သူကတော့ တော်တော်ကံကောင်းတာပဲ။
ReplyDeleteသိင်္ဂါရတွေ ဆွတ်ပျံ့နေတဲ့ ကဗျာလှလှလေးကို
ReplyDelete" မောင် " ဆိုတဲ့ တစ်ယောက် ခံစားနိုင်ပါစေဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ လေပြေရေ ။
ကြည်နူးစရာကောင်းတဲ့ကဗျာလေး
ReplyDeleteလေပြေရဲ့မောင်ဆိုသောသူတစ်ယောက်
နားလည်ခံစားနိုင်ပါစေကွယ်
ခင်တဲ့အန်တီလေးမေခင်
ReplyDeleteချစ်သူအတွက်ဆို
ကြွေလွင့်ရှာတဲ့ ငွေကြယ်ပွင့်လေးလို
အပြစ်မမြင်ပဲ လောင်ကျွမ်းခံပြီး ပေးဆပ်နေပါ့မယ်
အသဲအသက်နဲ့ စတေးပြီး ချစ်မယ့်သူမို့ပါ... မောင်
ကဗျာလေးအရမ်းကောင်းတယ်အမလေပြေ
ခံစားအားပေးသွားပါတယ်နော်
ကဗျာလေးက နူးညံ့သိမ်မွေ့လိုက်တာနော်
ReplyDeleteမောင်ဆိုတဲ့သူရေ ဖတ်ပြီး မြန်မြန်သိလိုက်ပါတော့ကွယ်
ခင်တဲ့ sis jasmine
ကဲ မောင် ဆိုတဲ့သူရေ သိလိုက်တော့နော်
ReplyDeleteအဟမ်း...အဟမ်း..
ReplyDeleteအချစ်တွေမြင်နေရဒယ်..
အချစ်တွေမြင်နေရဒယ်....
မောင်ရယ်.သိလိုက်ပါတော့ဟယ်..