1. 1. 1.

Friday, November 2, 2012

သူရဲကောင်းဆိုတာ

  • သူရဲကောင်းဆိုတာ တစ်ဖက်သားလူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာ ကိုပါ အနှောင့်အယှက်ဖြစ်အောင် ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်ဖူး.. အမြင်မတော်တာရှိရင်လည်း စေတနာသန့်သန့်နဲ့ ပြောဆိုဆုံးမတယ်.. ဝေဖန်အကြံပေးတယ်. အဲ့ဒီအတွက်မျှော်လင့်ချက်တစ်စုံတစ်ရာဆိုတာ သူတို့ရဲ့စိတ်ထဲမှာ စိုးစဉ်မျှမရှိဘူး.. လိုက်နာ၏ မနာ၏ဆိုတာ တစ်ဖက်သားရဲ့စိတ်ပေါ်မှာပဲမူတည်တယ်။
  •  သူရဲကောင်းဆိုတာ လူတစ်ဖက်သားကို သတ်စေတဲ့ တဖက်သတ်အပြောအဆိုမျိုး လုံးဝမပြောဆိုမိအောင် သတိတရားတွေနဲ့ ရှောင်ကျဉ်တယ် ...
  • သူရဲကောင်းဆိုတာ သူတစ်ဖက်သားရဲ့ အကျိုးစီးပွါးကို ပျက်စီးဆုံးရှုံးစေလိုတဲ့ဆန္ဒ သူတို့မှာ မရှိဘူး.. သူများအောင်မြင်နေတာကိုမြင်ရင်ပဲ သူတို့ရဲ့ရင်ထဲမှာ ထပ်တူဝမ်းသာ ပီတိ ဖြစ်မိတာပဲရှိတယ်။
  • သူရဲကောင်းဆိုတာ သူတို့ရဲ့စိတ်ထဲမှာ ဘယ်တော့မှ အမှောင်ဖုံးနေတယ်ဆိုတာ မရှိဘူး.. ဟန်ဆောင်မှုမရှိဘူး၊ အတ္တ မရှိဘူး၊ မာနမရှိဘူး..အတုအယောင် ဆိုတာ သူတို့ရဲ့နှလုံးသား ထဲမှာ လုံးဝမရှိ သလို ရိုးသားမှုကိုပဲ ထာဝရလက်ကိုင် ထားသူဖြစ်တယ်။
  • သူရဲကောင်းဆိုတာ အမှောင်ထဲမှာ လူအများထင်ယောင်ထင်မှားဖြစ်အောင် ဘယ်တော့မှ မနေဘူး... စိတ်ကွယ်ရာအရပ်မှလည်း သူတစ်ပါးကို ကာယကံ၊ ၀စီကံ၊ မနောကံဆိုတဲ့ ကံသုံးပါနဲ့ ဘယ်တော့မှ မပြစ်မှား မကျူးလွန်ဘူး... အသိုင်းအ၀ိုင်း လူအများရဲ့အလယ်မှာ ရိုးသားပွင့်လင်းစွာနဲ့ နှီးနှောဖလှယ်တယ်.. တွေဝေငေးငိုင်နေခြင်းမရှိသလို သူတို့ရဲ့ဟန်ပန် အမူအရာတွေကလည်း ရိုးရှင်းတယ်..
  • သူရဲကောင်းဆိုတာ သူတို့ရဲ့စိတ်က အစဉ်ကြည်လင်ပြတ်သားနေသလို ဘေးပယောဂ ကြောင့်လည်း ဆေးစက် အစွန်းထင်းမခံဘူး... သူတို့နှလုံးသား လေးကိုလည်း အမြဲဖြူစင် နေအောင်ထားတယ်။
  • သူရဲကောင်းဆိုတာ လူတစ်ဖက်သားအပေါ် မကျေနပ်ချက်တွေ ရှိခဲ့ရင်လည်း ရင်ထဲမှာ ဘယ်တော့မှ အညှိုးအတေးမထားဘူး.. ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးတယ်.. တရားသောနည်းလမ်းနဲ့ အနိုင်ယူတယ်.. မမြင်ကွယ်ရာကနေအနိုင်ယူတက်တဲ့ လူပိန်းတွေရဲ့ လုပ်ရပ်နဲ့ ဘယ်တော့မှ လက်တုန့်မပြန်ဘူး။
  • သူရဲကောင်းဆိုတာ အရာရာကိုသည်းခံခွင့်လွှတ်နိုင်စွမ်းအပြည့်ရှိတဲ့ ခန္ဒီပါရမီနဲ့ ပြည့်စုံတယ်... လူမျိုး၊ ဘာသာ၊ သာသနာကို တခြားရေခြားမြေခြားတွေရဲ့အလယ်မှာ အရောင်မှေးမှိန်သွား စေတဲ့ အပြုအမူမျိုး ဘယ်တော့မှမပြုလုပ်ဘူး။
  • သူရဲကောင်းဆိုတာ ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်လာရတိုင်း ခေါင်းအေးအေးထားပြီး စဉ်းစား တယ်.. ဦးနှောက်ကြီးကြီးသုံးပြီး ဆုံးဖြတ်တယ်.. ပြဿနာကိုလည်း အေးချမ်းစွာနဲ့ အဆုံးသက် စေချင်တဲ့ စိတ်ဆန္ဒတွေပဲရှိတယ်။  
        မှတ်ချက်။     ။တွေးပြီးရေးကြည့်တာပါ ...စဉ်းစားမိတာ.. (သူရဲကောင်းဆိုတာ) နေရာမှာ (သူတော်ကောင်းဆိုတာ) ကို အစားထိုးပြီး ဖတ်ကြည့်တော့  စာသားတာမတူတာ အဓိပ္ပါယ်သဘော တရားကတော့အတူတူပါပဲ...

 
 လောကကြီးမှာ အနန္တသတ္တ၀ါတွေထဲကမှ အသိဥာဏ်မြင့်မားတဲ့ လူသားတိုင်း သူရဲကောင်းတွေရဲ့ စိတ်ဓါတ်မျိုးနဲ့ လောကကြီးကို ထာစဉ် အလှဆင်နိုင်ကြပါစေ...။

                                                                  စာဖတ်သူ သူငယ်ချင်မိတ်ဆွေများကို 
                                                                        အစဉ်လေးစားချစ်ခင်လျက်
                                                                           လေပြေချို     8:22 PM

6 comments:

  1. အဲဒီသူရဲကောင်းနဲ့တွေ့ချင်တယ်
    အဲလို သူရဲကောင်းလဲဖြစ်ချင်တယ်
    ချစ်တဲ့ sis jasmine

    ReplyDelete
  2. အရမ်းကောင်းတယ် နောက်ထပ်လဲတွေးပြီးရေးပါအုံးနော်

    ReplyDelete
  3. အတွေးကောင်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

    ဆက်လက်ထုဆစ်နိုင်ပါစေ လေပြေရေ .....

    ReplyDelete
  4. တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက်ကျေးဇူးနော်..
    ဆက်လက်ပြီးလဲ မျှော်လင့်နေပါတယ်.
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  5. ဗဟုသုတလေးတွေမှတ်သားသွားပါတယ်
    အမလေပြေ

    ReplyDelete
  6. မှတ်သားစရာတွေပဲလေပြေရေ။ လိုက်နာနိုင်အောင်ကြိုးစားရမယ်။

    ReplyDelete