အပြစ်မမြင်သလို အပြစ်လဲမတင်ချင်ဘူး....
လူသားတွေအပေါ် ဘာ့ကြောင့်
မတူညီတဲ့ရပိုင်ခွင့်တွေ ပေးထားတာလဲ
ပြောပြပေးပါ....
လောကကြီးမှာ ဘာ့ကြောင့်
မတရားမှုတွေက တစ်အားများပြားနေရတာလဲ
ပြောပြပေးပါ.....
လောကကြီးမှာ ဘာ့ကြောင့်
အပြုံးတုတွေက အမြဲဖုံးလွှမ်းနေရတာလဲ
ပြောပြပေးပါ.....
လောကကြီးမှာ ဘာ့ကြောင့်
ဟန်ဆောင်ခြင်းတွေက အရမ်းချမ်းသာနေရတာလဲ
ပြောပြပေးပါ....
တစ်ချို့ကလည်း မေတ္တာတရားကို
စားကြွင်းစားကျန်လို သဘောထား
နေရာတစ်ကာမှာ ပကာသနတွေနဲ့
ချို့တဲ့ရင်ပူနေတဲ့ ကိုယ်ကျင့်တရားတွေကို
အရည်ဖျော်ပြစ်နေကြတာ။
တစ်ချို့ကလည်း အရိပ်ပေးတဲ့သစ်ပင်ကိုမှ
နေအ၀င်မှာ ခြေစုံကန်လို့
မညှာမတာ အခက်တွေချိုး
ရက်စက်မှုဆိုတဲ့ အလွှာတွေနဲ့
သူတို့ရဲ့အသည်းနှလုံး စုံလုံးကန်းနေလိုက်ကြတာ။
တစ်ချို့ကလည်း အတ္တတွေရှေ့မှာချလို့
သူတို့ရဲ့ ခြေဖ၀ါးတွေအောက်
အရာရာကို ငွေနဲ့ပစ်ပေါက်
သိက္ခာတရားဆိုတဲ့ တန်ဘိုးကိုလည်း
တစ်ကယ်ကို ဖြုန်းတီးနေကြတာ။
အမြင်မတော်တဲ့ သကာရုံတွေနဲ့
အလွှာတွေခြုံထားကြတဲ့ မာယာစုံကတော့
တစ်ကယ့် မိုးခါးရေတွေလိုပါပဲ.....
စိုးရမ်စိတ်နဲ့ နေ့ရက်တွေမှာ
ခရောင်းကြမ်းကြမ်း ဆူးခင်းလမ်းမှာ
သွေ့ခြောက်ကုန်ခမ်း မေတ္တာလမ်းမှာ
အဆိပ်တက်နေတဲ့ မျက်ရည်မိုးတိမ်ထဲမှာ
လရောင်ကင်းတဲ့ ညနက်နက်တွေမှာ.....
ငါစိတ်ကြိုက်ရေးဆွဲထားတဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ အဖြူရောင်ပန်းချီကားလေး
တန်ဖိုးမဖြတ်နိုင်တဲ့ အဖြူရောင်ပန်းချီကားလေး
သူ့ရဲ့ နှလုံးအိမ်လေးမှာ
ဒဏ်ရာအစက်အပျောက်တွေနဲ့
ရာဇ၀င် မတွင်ရစ်စေဘို့
မေ့ဆေးပေးလို့ ထားခဲ့တယ်....။
ငါစိတ်ကြိုက်ရေးဆွဲထားတဲ့
ReplyDeleteတန်ဖိုးမဖြတ်နိုင်တဲ့ အဖြူရောင်ပန်းချီကားလေး
သူ့ရဲ့ နှလုံးအိမ်လေးမှာ
ဒဏ်ရာအစက်အပျောက်တွေနဲ့
ရာဇ၀င် မတွင်ရစ်စေဘို့
မေ့ဆေးပေးလို့ ထားခဲ့တယ်....။
ဆိုဒ်လေးကလဲလှ ကဗျာလေးကလဲလှပဲ
လောကကြီးက တရားပါတယ်
ReplyDeleteအပြစ်မမြင်သလို အပြစ်လဲမတင်ချင်ဘူး....
လူသားတွေအပေါ် ဘာ့ကြောင့်
မတူညီတဲ့ရပိုင်ခွင့်တွေ ပေးထားတာလဲ
ပြောပြပေးပါ....
ဟုတ်တယ်အမအဲဒါလေးတကယ်သိချင်တယ်
တစ်ချို့ကလည်း အတ္တတွေရှေ့မှာချလို့
ReplyDeleteသူတို့ရဲ့ ခြေဖ၀ါးတွေအောက်
အရာရာကို ငွေနဲ့ပစ်ပေါက်
သိက္ခာတရားဆိုတဲ့ တန်ဘိုးကိုလည်း
တစ်ကယ်ကို ဖြုန်းတီးနေကြတာ။-------
ခုတလောဒီလိုမြင်ကွင်းတွေ မကြာခဏမြင်နေရလို့လေ
ကဗျာထဲကနေ လဲအဲလိုမြင်ကွင်းလေးကို မြင်လိုက်ပါတယ်
ချစ်တဲ့ sis jasmine
လောကကြီးအကြောင်း လေပြေရဲ့ မေးခွန်းလေးတွေထဲကနေ အဖြေလေးတွေရသွားတယ်။
ReplyDeleteခံစားချက် ကဗျာလေး အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလန်းလန်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ReplyDeleteဆက်လက်ထုဆစ်နိုင်ပါစေ ..... ။
တစ်ချို့ကလည်း အရိပ်ပေးတဲ့သစ်ပင်ကိုမှ
ReplyDeleteနေအ၀င်မှာ ခြေစုံကန်လို့
မညှာမတာ အခက်တွေချိုး
ရက်စက်မှုဆိုတဲ့ အလွှာတွေနဲ့
သူတို့ရဲ့အသည်းနှလုံး စုံလုံးကန်းနေလိုက်ကြတာ။
တစ်ချို့ကလည်း အတ္တတွေရှေ့မှာချလို့
သူတို့ရဲ့ ခြေဖ၀ါးတွေအောက်
အရာရာကို ငွေနဲ့ပစ်ပေါက်
သိက္ခာတရားဆိုတဲ့ တန်ဘိုးကိုလည်း
တစ်ကယ်ကို ဖြုန်းတီးနေကြတာ။
အမြင်မတော်တဲ့ သကာရုံတွေနဲ့
အလွှာတွေခြုံထားကြတဲ့ မာယာစုံကတော့
တစ်ကယ့် မိုးခါးရေတွေလိုပါပဲ.....
အမှန်တရားလေးတွေမရေ...ခံစားသွားတယ်နော်...
ခင်မင်နေတဲ့....မိုးနတ်
အရိပ်ပေးတဲ့သူကိုမှ ခြေစုံကန်ချင်ကြတာ။ ပေါက်ကွဲသံလေးတွေပါတယ်ကဗျာလေးထဲမှာ။
ReplyDeleteကောင်းလိုက်တဲ့ မေးခွန်းနဲ့ ခံစားချက် ရင်တွင်းကဗျာလေး
ReplyDeleteအားပေးသွားတယ် လေပြေ။
သတိရနေတယ်။
အားပေးနေမယ်။
လက်ရည်တွေ တက်လာတယ်..ကျတာဆိုလို့ ကိုယ်ဘဲရှိတာ.အငှဲ...အငှဲ...
ခင်တဲ့
အလွမ်း