အတားအဆီးတွေလည်း မလိုချင်ဘူး
အနှောင့်အယှက်တွေလည်း မရှိချင်ဘူး
အခက်အခဲတွေလည်း မကြုံချင်ဘူး
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
ဆူးခင်းလမ်းလည်း ရင်ဆိုင်မှာပဲ
ခရီးကြမ်းလည်း ဖြတ်သန်းမှာပဲ
ဘ၀ကြမ်းလည်း ဆက်လှမ်းမှာပဲ
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
တစ်ခါတစ်ခါလည်း မငိုချင်ဘူး
အမြဲတမ်းပျော်ရွှင်စေမယ့် ရသမျိုး...
တစ်ခါတစ်ခါလည်း မလွမ်းချင်ဘူး
ရင်နာစရာတွေဆို မုန်းတက်လို့ပါ....
တစ်ခါတစ်ခါလည်း မဆွေးချင်ဘူး
ရင်ခုန်သံတွေ အကျည်းတန်မှာဆိုးလို့ပါ...
တစ်ခါတစ်ခါလည်း မဝေးချင်ဘူး
ခွဲခွါခြင်းဆိုတာကို မခံစားနိုင်လို့ပါ...
တစ်ခါတစ်ခါလည်း မညာချင်ဘူး
အမှန်တရားကို မြတ်နိုးတက်သူမို့ပါ...
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
မုသားတွေလည်း မပါသလို
မာယာတွေလည်း သုံးမထားလို့
အများမုန်းလည်း အပြုံးများနဲ့
ဆုံးခန်းတိုင်အောင် ငါရေးနေမယ်။
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
လှပတဲ့ စိတ်ဝိဥာဉ်ရဲ့ခံစားချက်များ
ချိုသာနက်နဲတဲ့ အပြုံးလေးများ
နူးညံ့ကြင်နာတဲ့ ကိုယ်ချင်းစာတရားများ
ဖြူစင်သန့်ရှင်းတဲ့ ရိုးသားမှုများ
အဆုံးအစမဲ့ မျှော်လင့်ချက်များနဲ့
ဇာတ်သိမ်းပိုင်းလေး ခမ်းနားစေဖို့
ကြိုးစားလို့ ထုဆစ်နေမှာ...။မှတ်ချက်။ ။ ကြိုးစားပမ်းစား အလုပ်လုပ်နေရင်း မျက်စိညောင်းလို့ အပြင်ခဏထွက်.. အပြာရောင်ကောင်းကင်ကို အကြည့်လေးခဏရောက်တော့ ဒီကဗျာလေး ရေဖို့ အတွေးကရောက်လာတာ.. ကဗျာလေးက ရိုးရိုးလေးပါ.. ပုံရှာနေရင်း ညနေစောင်းသွားရော..:)
အဲ့လိုပဲ ၀တ္ထုတစ်ပုဒ်က ပြီးကိုမပြီးတော့ဘူး... ဟူး.....
လှပတဲ့ စိတ်ဝိဥာဉ်ရဲ့ခံစားချက်များ
ReplyDeleteချိုသာနက်နဲတဲ့ အပြုံးလေးများ
နူးညံ့ကြင်နာတဲ့ ကိုယ်ချင်းစာတရားများ
ဖြူစင်သန့်ရှင်းတဲ့ ရိုးသားမှုများ
အဆုံးအစမဲ့ မျှော်လင့်ချက်များနဲ့
ဇာတ်သိမ်းပိုင်းလေး ခမ်းနားစေဖို့
ကြိုးစားလို့ ထုဆစ်နေမှာ...။
ကြိုးစားမှုရဲ့ ရလဒ်တခုအဖြစ် ဇာတ်သိမ်းပိုင်းလေး ခမ်းနားထည်ဝါပါစေလို့
ချစ်တဲ့ sis jasmine
ကဗျာလေးတကယ်ကောင်းပါတယ်
ReplyDeleteကဗျာလေးအားပေးသွားပါတယ်ကွယ်
ReplyDeleteခင်တဲ.အန်တီလေးမေခင်။
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
ReplyDeleteမုသားတွေလည်း မပါသလို
မာယာတွေလည်း သုံးမထားလို့
အများမုန်းလည်း အပြုံးများနဲ့
ဆုံးခန်းတိုင်အောင် ငါရေးနေမယ်။
ကဗျာကောင်းလေးတွေ အမြဲထုဆစ်နိုင်မှာပါ။
ရိုးရိုးလေးရေးပေမဲ့ ဆန်းတယ်။ ကြိုက်တယ်။
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
ReplyDeleteမုသားတွေလည်း မပါသလို
မာယာတွေလည်း သုံးမထားလို့
အများမုန်းလည်း အပြုံးများနဲ့
ဆုံးခန်းတိုင်အောင် ငါရေးနေမယ်။
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
လှပတဲ့ စိတ်ဝိဥာဉ်ရဲ့ခံစားချက်များ
ချိုသာနက်နဲတဲ့ အပြုံးလေးများ
နူးညံ့ကြင်နာတဲ့ ကိုယ်ချင်းစာတရားများ
ဖြူစင်သန့်ရှင်းတဲ့ ရိုးသားမှုများ
အဆုံးအစမဲ့ မျှော်လင့်ချက်များနဲ့
ဇာတ်သိမ်းပိုင်းလေး ခမ်းနားစေဖို့
ကြိုးစားလို့ ထုဆစ်နေမှာ...။
သိပ်အဆန်းကြီး မဟုတ်ပေမဲ့..လှလှပပလေးနော်...ကဗျာကောင်းလေးခံစားသွားတယ်ရှင်..
ခင်မင်နေတဲ့..မိုးနတ်ကြယ်စင်
မတက်တတက်နဲ့ ပြင်ထားတဲ့ အိမ်အသစ်လေးကို လည်လည်လာအားပေးတဲ့သူငယ်ချင်းတွေအားလုံး ကျေးကျေးပါနော် :)
ReplyDeleteအပြင်လောက ကို ကြည့်ရင်းနဲ့ ကဗျာလေး ရေးစပ်ထားတာ ကောင်းလိုက်တာ
ReplyDeleteကဗျာလေးကနူးညံ့ပြီး ခံစားလို့ကောင်းတယ်နော်
အရေးအသားလေးတွေကလည်း အတုယူစရာကောင်းလှတယ်
နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
လေပြေကတော်တော်ချောတာပဲ။ ကိုရီးယားမင်းသမီးလေးအတိုင်းပဲ။
ReplyDeleteကြိုးစားထုဆစ်ပါ။ ဆက်လက်လို့အားပေးမှာ။
ကဗျာလန်းလန်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ReplyDeleteဆက်လက်ထုဆစ်နိုင်ပါစေ ။
ဘ၀ကို ၀တ္ထုရှည်အသွင် ဖန်တီးပြီး ရေးထားတဲ့ ကဗျာရှည်လေး အားပေးသွားပါတယ်ခင်ဗျာ
ReplyDeleteဇာတ်သိမ်းပိုင်းလေးလဲ လှပနိုင်မှာပါ :)
ငါရေးနေတဲ့ ၀တ္ထုရှည်မှာ...
ReplyDeleteမုသားတွေလည်း မပါသလို
မာယာတွေလည်း သုံးမထားလို့
အများမုန်းလည်း အပြုံးများနဲ့
ဆုံးခန်းတိုင်အောင် ငါရေးနေမယ်။
အရမ်းကိုလှပါတဲ့ အပိုဒ်လေးမို့ ထပ်ထပ်ဖတ်သွားပါတယ်...။
တစ်ခါတစ်ခါလည်း မလွမ်းချင်ဘူး
ReplyDeleteရင်နာစရာတွေဆို မုန်းတက်လို့ပါ....
တစ်ခါတစ်ခါလည်း မဆွေးချင်ဘူး
ရင်ခုန်သံတွေ အကျည်းတန်မှာဆိုးလို့ပါ...
တစ်ခါတစ်ခါလည်း မဝေးချင်ဘူး
ခွဲခွါခြင်းဆိုတာကို မခံစားနိုင်လို့ပါ
မဝေးချင်ဘူးအမရေတကယ်မခံစားနိုင်လို့ပါ
အားပေးသွားပါတယ်