အာရုံဦးရဲ့ ရောင်ခြည်အောက်မှာ
လှပတဲ့ သံစဉ်ချိုတွေနဲ့အတူ
မပြောင်းလဲပဲ အမြဲတည်ရှိနေမယ့်သူ...
အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာထဲ
တိမ်လွှာများအကြား ငှက်များနဲ့အတူ
သဘာဝရဲ့တေးသံတွေနဲ့ ထာဝရအသက်ဆက်နေမယ့်သူ...
လွမ်းခြုံထားတဲ့ ငွေနှင်းမှုန်လေးတွေနဲ့အတူ
ပန်းလှပျိုတို့ ယိမ်းနွဲ့စွာကစေဖို့
မငြူစူ ကြည်ဖြူစွာဖေးကူနေမယ့်သူ.....
လေပြင်းကြမ်းကြမ်း မုန်တိုင်းထန်ထန်
အပြုံးမပျက်တဲ့ နှလုံးသားနဲ့
လောကကြီးကို သာယာစေမယ့်သူ...
ကောင်းကင်ပြာပြာအောက်မှာ
လ၀ါဝါကိုမျှော်ငေးရင်း ကြယ်လေးတွေရေတွက်လို့
ကဗျာလေးများနဲ့ ပျော်မွေ့နေမယ့်သူ.....
အဖြူရောင် စာမျက်နှာထက်
ရိုးသားမှုတွေ သီကုံးလို့
မျှော်လင့်ခြင်း အလင်းရောင်တွေနဲ့
အနာဂါတ်ကို လှပစွာထုဆစ်နေမယ့်သူ.....။
အမှတ်တရမှတ်ချက်။ ။ဆောင်းဦးရဲ့ လေပြေချိုတွေက ကျမအနားမှာ ပျော်ရွှင်စွာနဲ့ ဝေ့၀ဲတိုက်ခတ်နေတာလေ.. ဟိုအရင်စိတ်နဲ့သာဆိုရင်တော့ ခုန်ပေါက်ပြေးဆော့နေမိမှာ အမှန်ပဲ.. ဒါဆို သူတို့တွေက ဘာပြောကြမလဲ.. ကျမကို သူငယ်ပြန်တယ်လို့ ပြောကြမှာပေါ့.. တစ်ကယ်ပါ..ကျမကိုယ်တိုင်ကလည်း သူတို့ပြောစရာဖြစ်အောင် ဆောင်းရာသီရဲ့ အငွေ့အသက်တွေနဲ့အတူ ငယ်စဉ်က ကလေးတို့ဘ၀မှာ ပျော်ပါးခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်တမ်းတနေမိတာကိုး .....
လေပြင်းကြမ်းကြမ်း မုန်တိုင်းထန်ထန်
ReplyDeleteအပြုံးမပျက်တဲ့ နှလုံးသားနဲ့
လောကကြီးကို သာယာစေမယ့်သူ..............
အင်း...... အဲလိုလေးပဲဖြစ်ချင်တယ်
ချစ်တဲ့ sis jasmine
လေပြေရယ်ဘယ်နှယ့်သူငယ်ပြန်တယ်ပြောရတာတုန်း။အခုမှငယ်ငယ်လေးရှိသေးတာကို။
ReplyDeleteကြယ်တွေရေတွက်တယ်ဆိုတော့ ဘယ်နှလုံးရေမိလဲ။မှတ်မိလားဟင်
လေပြေချိုချိုလေးရဲ့ ထုဆစ်မှုအောက်မှာ
ReplyDeleteပျော်ဝင်ခံစားခဲ့ပါတယ် လေပြေရေ .....
ကဗျာတွေ ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
ကောင်းကင်ပြာပြာအောက်မှာ
ReplyDeleteလ၀ါဝါကိုမျှော်ငေးရင်း ကြယ်လေးတွေရေတွက်လို့
ကဗျာလေးများနဲ့ ပျော်မွေ့နေမယ့်သူ.....
စာသားတွေက အလန်းတွေကြီးပဲ
တော်တော်ရေးတတ်တယ် ၊ အားကျတယ်ကွယ်။
ReplyDeleteဆောင်းရနံတွေ သင်းပျံလို့လာခဲ့ပြီ
ReplyDelete