1. 1. 1.

Saturday, September 8, 2012

အိုကြောင်းများလည်း အဝေးကိုပြေး

       အသက်အရွယ်ရလာတာနဲ့အမျှ ကြွက်သားများအားနည်းလာပြီး ပျော့အိ တွဲကျလာတက်ပါတယ်။ ယင်းကြွက်သားများကို လှုပ်ရှားပြီး အလေ့အကျင့်ပြုလုပ်ပေးလျှင် ကျန်းမာနုပျိုလာပြီး နဂိုမူလအတိုင်း ပြန်ဖြစ်နိုင်ပါသည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးခြင်းအားဖြင့် ခန္တာကိုယ်ရှိကြွက်သားများ ကျန်းမာစေနိုင်သကဲ့သို့ မျက်နှာကြွက်သားများကိုလည်း လေ့ကျင့်ပေးပါက အလားတူပင် ပြေပြစ်ချောမောလျက် နုငယ်ပျိုမြစ် ရှိစေနိုင်ပါသည်ဟု “နုပျိုစွာ အသက်ရှည်ရှည်နေပါ” စာအုပ်တွင် ရေးသားဖေါ်ပြထားသည့် အချက်အလက်များကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။

     နယူးယောက်မြို့မှ အမျိုးသမီးကြီး အလီဇဘက်ဂီလ်ဖီလန်သည် သူ့မျက်နှာကို သဘာဝနည်းများအရ အမြဲနုပျိုနေအောင် ပြုလုပ်နိုင်သည်သာမက အခြားသော ယောက်ျား၊ မိန်းမများစွာတို့ကိုလည်း သူ့နည်းအတိုင်း လိုက်နာပြုလုပ်စေပြီး အောင်မြင်မှုကို ရရှိစေသည်။ သူမ တီထွင်ထားသော လေ့ကျင့်ခန်းများမှာ မျက်နှာမှ အိုကြောင်းများ ပျောက်ကင်းစေပြီး အိတွဲကျလာသော မျက်နှာကြွက်သားနှင့် ပုံနေဟန်ထားများကို မူရင်းအတိုင်း ပုံမှန်ပြန်ဖြစ်စေနိုင်လေသည်။

     မျက်နှာအတွက် လေ့ကျင့်ခန်းများကို ကိုယ်ကာယပညာရှင်များက တီထွင်ထားကြပါသည်။ အီသယ်ဖော်ရက်စမင်း ဆိုသူအမျိုးသမီးကြီးက သူမကိုယ်တိုင် မျက်နှာအလှအတွက် လေ့ကျင့်ခန်းများကို စွဲမြဲစွာ လေ့ကျင့်သူဖြစ်ပါသည်။ သူမ၏ အလုပ်အကိုင်မှာ မျက်နှာအလှပြုပြင်ပေးသူဖြစ်သည်။ “မျက်နှာကြွက်သားများဟာ အသက်ဘယ်လောက်ပဲ ရှိနေနေ အိတွဲကျမနေသင့်ပါဘူး” ဟု သူမက အခိုင်အမာ ပြောဆိုလေ့ရှိပါသည်။

     အသက်အရွယ်ကြီးရင့်လာသောအခါ သွေးလှည့်ပတ်မှုမှာ နှေးလာသည်။ မျက်နှာကြွက်သားများမှာလည်း ခန္ဒာကိုယ်ရှိ အခြားသော ကြွက်သားများကဲ့သိုပင် လှုပ်ရှားမှုမရှိသဖြင့် ပျင်းရိလာပြီး အိတွဲကျလာစ ပြုလေသည်။ လူသားတွေသည် မူလအစက လေးဘက်တွားသွားသော သတ္တ၀ါဖြစ်ခဲ့ရာမှ မတ်မတ်ထ လမ်းလျှောက်ခဲ့ခြင်းဖြစ်ရာ အစဉ်သဖြင့် မြေကြီး၏ ဆွဲငင်အား Pull of Gravity ကို တွန်းလှန်နေရခြင်း ဖြစ်သည်ဆိုသော အချက်များကို မူတည်ပြီး မှက်နှာလေ့ကျင့်ခန်းများကို တီထွင်ခဲ့ကြခြင်းဖြစ်လေသည်။


 အပြုံးလေ့ကျင့်ခန်း

     အရေးအကြောင်းများ ကင်းရှင်းပြီး သဘာဝအတိုင်း ပြေပြစ်သောအပြုံးပိုင်ရှင်များဖြစ်စေရန်အတွက် (၁)     မျက်စိအောက်နေရာ ပတ်ဝန်းကျင်တွင် ကရင်အဆီတစ်မျိုးမျိုးကို သုတ်လိမ်းပေးပါ။ 
(၂)     မျက်နှာတစ်ခုလုံးနှင့် လည်ပင်းများကိုလည်း သုတ်လိမ်းနိုင်ပါသည်။ 
(၃)     မှန်ထဲတွင်ကြည့်ပြီး မေးစေ့ကို နည်းနည်းမျှ မြှင့်တင်လိုက်ပါ။ 
(၄)     ပါးစပ်ကိုလည်း တစ်လက်မခန့်ကျယ်အောင်ဟပြီး အထက်သို့ ကြည့်ပြုံးလိုက်ပါ။ 
(၅)     ပြုံးတဲ့အခါမှာလည်း နှစ်နှစ်ကာကာ စိတ်ပါကိုယ်ပါ အားရပါးရကြီးပြုံးပါ။ မျက်နှာတစ်ခုလုံး နွေးထွေးလာအောင် ပြုံးပါ။
(၆)      ပြုံးနေစဉ်တွင် မျက်နှာနှင့် လည်ပင်းများကို အစ်ညှစ်ထုတ်ပါ၊ မျက်နှာပြင်တစ်ခုလုံးလည်း တင်းရင်းနေပါစေ။ ပြီးလျှင် မျက်နှာကြွက်သား များကို ဖြေလျှော့ပြီး ခဏနားပါ။ အထက်ပါအတိုင်း ကြိမ်ဖန်များစွာ လေ့ကျင့်ပေးနိုင်ပါသည်။

     အစပထမတွင် မျက်နှာတစ်ခုလုံ နွေးလာအောင် ပြုံးရန်မှာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မည်။ သို့သော် နောက်နေ့များတွင် လွယ်လွယ်ကူကူပင် သင့်မျက်နှာလေး နွေးလာပါလိမ့်မည်။ ထိုအပြုံးလေ့ကျင့်ခန်းသည် မျက်နှာကြွက်သားများကို အထက်သို့ ပင့်တင်ပေးခြင်းဖြစ်သည်။ ကမ္ဘာမြေသား ဆွဲငင်အားကြောင့် အိတွဲစပြုနေသော အသားစိုင်များကို အောက်သို့ မကျစေရန် ဆန့်ကျင်ဘက် ပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့ပြင် မျက်နှာတစ်ခုလုံးရှိ သွေးမျှင်ကြောကလေးများ အားရှိစေရန် လေ့ကျင့်ပေးခြင်းလည်း ဖြစ်သည်။ ထိုအပြုံးလေ့ကျင့်ခန်းကို ကြိမ်ဖန်များစွာ ပြုလုပ်နိုင်လေလေ အကျိုးတရားကို မြန်မြန်ရနိုင်လေလေ ဖြစ်သည်။ နေ့စဉ်မှန်မှန်လေ့ကျင့်ပေးလျှင် မျက်နှာကြွက်သားများ ပြေပြစ်ခိုင်မာလာစေမည် ဖြစ်သည်။

     လွယ်ကူလှသော အပြုံးလေ့ကျင့်ခန်းသည် ၀လွန်းသောပါးကို အနေတော်ဖြစ်စေပြီး ပိန်လွန်းသော မျက်နှာကို ပြည့်ဖြိုးစေကာ ပင်ပန်းနွမ်းနယ်နေသောရုပ်သွင်များ ရှိနေလျှင်လည်း ပပျောက်စေပါသည်။ 

မှတ်ချက်။          ။အလှအပကို မြတ်နိုးသော မိန်းမသားတိုင်း သဘာဝအတိုင်း လှပပြီး လန်းဆန်းနုပျိုသော အပြုံးလေးများ ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင် ကျမ၏ ဖတ်မိသမျှ ဗဟုသုတများကို စေတနာ မေတ္တာအစစ်အမှန်များထပ်လောင်းပြီး ဒီပိုစ်လေးအား ရေးသားမျှဝေပေးလိုက်ပါတယ်ရှင်.....        

8 comments:

  1. သီချင်းကောင်းလေးနားဆင်ရင်း ဗဟုသုတလေးတွေ ဖတ်သွားတယ် လေပြေရေ။ ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လွယ်ကူလှပတဲ့ အပြုံးလေ့ကျင့်ခန်းလေးလာရောက်လေ့လာခဲ့တယ်
    တနေ့တခြား အသက်ကြီးလာတော့ အသုံးဝင်မှာလေ

    ReplyDelete
  3. အပြုံးလေ့ကျင့်ခန်းအတွက် ကျေးဇူးတင်၏။

    ReplyDelete
  4. မှတ်သွားတယ်လေပြေရေ။

    ReplyDelete
  5. စာဖတ်ရင်း ပြုံးလိုက်တာ ဘေးလူတွေကြည့်နေပီ လုပ်ကြဦး။

    ReplyDelete
    Replies
    1. ကျွန်တော့်လို အမြဲတမ်းပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်အတွက်တော့
      အပြုံးလေ့ကျင့်ခန်းက လွယ်လွယ်လေးဖြစ်မှာပေါ့:P
      အလည်လာရင်း ပြုံးသွားတယ်နော်
      ခင်တဲ့(အိမ်မက်ကောင်းကင်)

      Delete
  6. အမြဲပြုံးနိုင်အောင်ကြိုးစားပါ့မယ်

    ReplyDelete
  7. နောက်နေ့ကစပြီး အမြဲပြုံးဖြစ်အောင်ကြိုးစားတော့မယ်...ဘာကြောင့်ဆို မိုးနတ်ကလှချင်သကိုး...
    ကျေးဇူးတင်တယ်နော်...
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete