အဆုံးမသက်နိုင်တဲ့ မြတ်နိုးမှုတွေနဲ့
ရင်ခုန်သံတွေလည်း စည်းချက်မဲ့နေခဲ့တာ
ယုံနိုင်ပါ့မလား မောင်....။
ဒီအချိန်ဆို ဘယ်လိုနေမလဲ
အတွေးတိုင်းမှာ စိုးမိုးထားလို့
စက္ကန့်နဲ့အမျှ အရမ်းလွမ်းနေခဲ့တာ
ယုံနိုင်ပါ့မလား မောင်.....။
ဘ၀တွေက ဝေးကွာနေလဲ
အလွမ်းပန်းတွေ ကူသီရင်း
အပြုံးနုနုလေးနဲ့ အမြဲအားပေးချင်နေခဲ့တာ
ယုံနိုင်ပါ့မလား မောင်.....။
လောကတေး မဆင်နိုင်သူရင်ထဲမှာ
နှောင်ဖွဲ့ထားတဲ့ အချစ်တွေကိုလည်း
ရှိုက်သံအဖြစ်နဲ့ စတေးပြစ်ခဲ့ရတဲ့အဖြစ်ကို
ယုံနိုင်ပါ့မလား မောင်.....။
ဘယ်သူမှမမြင်အောင် လိုက်ကာထူထူချလို့
ရင်ထဲကဝေဒနာကို တိတ်တိတ်ကလေးလွမ်း
အသည်းလေးလည်း ကျွမ်းနေခဲ့ရတာ
ယုံနိုင်ပါ့မလား မောင်.....။10:03 PM
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
ReplyDeleteသည် ကဗျာ လေးကို "မောင်" ဖတ်မိရင်တော့ ဆွေးသွားရချည်ရဲ့
အပိုဒ်တိုင်းကို ဖော်ကြူးထားတာလေးလည်း အတုယူစရာကောင်းလှပါတယ်
ပျော်ရွှင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
သူယုံမယုံတော့သိဘူး။ကဗျာဖတ်မိတဲ့သူတွေတော့ယုံမှာအသေအချာပဲ။ဒါကြောင့်ကဗျာလေးပေးဖတ်လိုက်သူ့ကို
ReplyDeleteအော်....မောင် မောင် ဟိ
ReplyDeleteကဗျာလေးကောင်း၏
မောင်ကယုံ မယုံတော့မသိဘူးနော်
ReplyDeletejasmine ကတော့ လေပြေကိုယုံပြီးသား
ဘ၀တွေက ဝေးကွာနေလဲ
ReplyDeleteအလွမ်းပန်းတွေ ကူသီရင်း
အပြုံးနုနုလေးနဲ့ အမြဲအားပေးချင်နေခဲ့တာ
ယုံနိုင်ပါ့မလား မောင်.....
အပြုံးနုနုလေးနဲ့အားပေးမှုတွေကို
မမလေပြေရဲ့မောင်တစ်ယောက်လဲ
စောင့်မျှော်နေမှာပါအားပေးသွားပါတယ်
ကဗျာလေး ခံစားခဲ့ပါတယ်ဗျာ ။
ReplyDeleteလေပြေလေးရေ
ReplyDeleteယုံပါ့မလားကဗျာလေးအားပေးရင်းနဲ့
ယုံလိုက်ပါတယ်ကွယ်
ခင်တဲ့အန်တီလေးမေခင်