1. 1. 1.

Sunday, September 16, 2012

ငါ့ရဲ့ အဘိဓာန်

ဆန်းပြားလွန်းတဲ့ လူ့ဘ၀ရဲ့
ပဟေဠိတွေကို အဖြေညှိဖို့
အရောင်စုံတဲ့ မုသားမျိုးလည်း
ငါမသုံးခဲ့ဘူး....

ပျားသကာလို အများတစ်ကာနာဝင်ချိုစေဖို့
စကားလုံးလှလှ ပရိယာယ်သုံးပြီး
လုံးဝမပြောတက်ခဲ့ဘူး....

ရိုးသားမှုကို မြတ်နိုးသူမို့
သဘာဝအတိုင်း သုံးသပ်မိလို့
အများမုန်းလည်း အပြုံးမပျက်ခဲ့ဘူး....

ငါဆိုတဲ့ အတ္တစွဲနဲ့
သူတစ်ပါး မျက်ခုံးမွှေးထက်
ဘယ်တော့မှ လမ်းတက်မလျှောက်ခဲ့ဘူး....

ဘ၀ကိုရိုးသားစွာ ပုံဖေါ်တက်သူမို့
ဖြူစင်တဲ့ မာယာတွေကိုလည်း
အလွှာခြုံမထားခဲ့ဘူး....

ဘယ်သူ့ကိုမှ မထိခိုက်တဲ့
ကိုယ်ပိုင်လွတ်လပ်မှုကို မြတ်နိုးသူမို့
အပြုံးတုတွေကိုလည်း ရင်မခုန်တက်ခဲ့ဘူး....

မဖြစ်နိုင်ဘူးဆိုတာ
ငါ့ရဲ့အဘိဓာန်မှာ
လုံးဝ မရှိစေရဘူး...(ဒီစာပိုဒ်လေးတော့ သိကြမှာပါ)

ရင်ကွဲခြင်းတွေနဲ့ပဲ
ဂန္ဒ၀င်မြောက်နေပါစေ..
ငါ့ဘ၀ကို
အပြစ်ကင်းစွာနဲ့ပဲ နိဂုံးချုပ်သွားမယ့်သူပါ....

မှတ်ချက်။     ။:)  ရင်ထဲက ခံစားချက်လေးအတိုင်း ကိုယ်ကိုယ်တိုင် ပုံဖေါ်ထုဆစ်ထားတဲ့ ကဗျာလေးပါ။

10 comments:

  1. လရိပ်လဲ ရိုးသားမှုဘဲကြိုက်တယ်။
    ကဗျာလေး အရမ်းကောင်းတာဘဲ။

    ReplyDelete
  2. ရိုးသားမှုကို မြတ်နိုးသူမို့
    သဘာဝအတိုင်း သုံးသပ်မိလို့
    အများမုန်းလည်း အပြုံးမပျက်ခဲ့ဘူး
    အရမ်းကောင်းတယ်အမအားပေးသွားပါတယ်

    ReplyDelete
  3. ကဗျာထဲမှ ရိုးသားခြင်းတွေတွေ့လိုက်ရတယ်
    ရင်ကွဲခြင်းတွေနဲ့ပဲ
    ဂန္ဒ၀င်မြောက်နေပါစေ..
    ငါ့ဘ၀ကို
    အပြစ်ကင်းစွာနဲ့ပဲ နိဂုံးချုပ်သွားမယ့်သူပါ-----ဒီကဗျာလေးကိုအရမ်းကြိုက်တယ်

    ReplyDelete
  4. နူးညံ့တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါလား
    "ငါဆိုတဲ့ အတ္တစွဲနဲ့
    သူတစ်ပါး မျက်ခုံးမွှေးထက်
    ဘယ်တော့မှ လမ်းတက်မလျှောက်ခဲ့ဘူး...."
    သည်အပိုဒ်လေးကို ကော်အရမ်းကြိုက်တယ်
    နောက်လည်း ကဗျာလေးတွေကို များများရေးသားနိုင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  5. အများမုန်းလည်း အပြုံးမပျက်ပါနဲ့
    မာယာတွေကိုလည်း အလွာမခြုံပါနဲ့
    ဒါမှဒါမှပဲ လေပြေအစစ်ဖြစ်လိမ့်မယ်။
    ဂန္တ၀င်မြောက်တဲ့ မိန်းကလေးပဲဖြစ်ပါစေ

    ReplyDelete
  6. ကောင်းတယ် ညီမလေးရေ
    ခံစားရတာကိုပေါ်လွင်အောင်ရေးထားတာ
    မြင်သွားတယ် ညီမလေးရဲ့ခံစားချက်ကိုလေ

    ReplyDelete
  7. အဓိပ္ပါယ်အရမ်းရှိတဲ့ ကဗျာကောင်းလေးပဲ လေပြေရေ

    ReplyDelete
  8. ရိုးသားမှုဟာ လူသားအတွက် အကောင်းဆုံးလက်ဆောင်ဖြစ်မှာပါ...။
    ရည်ရွယ်ချက်ကောင်းတဲ့ ကဗျာကောင်းလေးပါ

    ReplyDelete
  9. ပျားသကာလို အများနာဝင်ချိုစေဖို့
    စကားလုံးလှလှ ပရိယာယ်သုံးပြီး
    လုံးဝမပြောတက်ခဲ့ဘူး...
    တော်ပါပေတယ် အမ လေပြေ

    ReplyDelete
  10. ပျားသကာလို အများနာဝင်ချိုစေဖို့
    စကားလုံးလှလှ ပရိယာယ်သုံးပြီး
    လုံးဝမပြောတက်ခဲ့ဘူး...
    တော်ပါပေတယ် အမ လေပြေ

    ReplyDelete