1. 1. 1.

Thursday, July 12, 2012

မဆန်းပြားပေမဲ့ ခမ်းနားပါတယ်

မဟာဆန်တဲ့ သူ့သဏ္ဍာန်က
မဆန်းပြားပေမဲ့ ခမ်းနားပါသည်။

မာယာကင်းတဲ့ သူ့အဆင်းက
ထာဝရဖြစ်တည် ဖြူစင်သည်။

အပြစ်ကင်းတဲ့ သူ့အသွင်က
နူးညံ့စွာနဲ့ ယဉ်တင့်ပါသည်။

စံပယ်ဖြူဖြူ မထူးပေမယ့်
သူ့ဟန်ပန်က သိမ်မွေ့ပါသည်။

ဖြူစင်မှုရဲ့ နိဂုံးချုပ်က
သူဘ၀မှာ အဆုံးသက်ပါသည်။

အမှန်တရားတွေနဲ့ လွှမ်းခြုံနေတဲ့
သူ့သမိုင်းကို စံပြုလောက်သည်။

အမုန်းကင်းတဲ့ သူ့သတင်းက
လေယူရာတိုင်းလည်း မွှေးပျံ့နေသည်။

ကဗျာဆရာများရဲ့ ကာရံမှာလည်း
သူ့အလှက စာဖွဲ့မကုန်သည်။

ဂန္ထ၀င်မြောက်တဲ့ ဖြူစင်မှုအဖြစ်
ရာဇ၀င်မှာ စာတင်စေသည်။

သက္ကရာဇ်တွေ အမြဲပြိုပေမယ့်
မလဲပြိုတဲ့ အလှစစ်ဖြစ်သည်။

2 comments:

  1. အမုန်းကင်းတဲ့ သူ့သတင်းက
    လေယူရာတိုင်းလည်း မွှေးပျံ့နေသည်။

    ကဗျာလေးက ကောင်းမှ ကောင်း

    ReplyDelete
  2. စံပယ်ပန်းလေးရဲ့ အလှတရား ဖြူစင်မှုများကိုသိမ်မွေ့စွာဖွဲ့ထားတဲ့ကဗျာလေး
    ခံစားဖတ်ခဲ့တယ်လေပြေရေ

    ReplyDelete