1. 1. 1.

Wednesday, July 11, 2012

အလွမ်း ဒဏ္ဍာရီ

ပျော်စရာလေးတွေနဲ့ အမှတ်တရနေ့ရက်လေးတွေ ဖန်ဆင်းပေးခဲ့သူကို သတိရခြင်းတွေသာ ပိုင်ဆိုင်ခွင့်ရတဲ့ဘ၀မှာ မိုးတွေရွာတိုင်းလည် သတိရနေခဲ့တယ်။

အမှတ်တရများစွာမှာ ဒဏ်ရာတွေမပါခဲ့လို့ မြင်ယောင်မိတဲ့ ဟိုစဉ်ကအချိန်တွေကို အခုလို မိုးစက်ကြွေတိုင်းလည်း မျက်ရည်ဝိုင်းလို့ လွမ်းနေခဲ့တယ်။

သံယောဇဉ်အကြည့်တွေနဲ့ လှပတဲ့ သံစဉ်ချိုတွေကြား အမြဲပျော်ရွှင်နေတက်တဲ့ သည်ပုံရိပ်လေးကိုပဲ နေ့ရက်တိုင်းလည်း သတိရနေခဲ့တယ်။

တစ်ခါတစ်ရံမှာ သောကတွေနဲ့ မောပမ်းနေသူတစ်ယောက်အတွက် အရင်တုန်းကလို အနွေးထွေးဆုံး ပွေ့ကြိုပေးခဲ့တဲ့ လက်တစ်စုံကို မိုးဖွဲတွေကြား လွမ်းနေဆဲပါ။

နှလုံးသားချင်း ဆက်သွယ်ထားတဲ့ ဝေးကွားခြင်းလေးကို ဂန္ထ၀င်မြောက်တဲ့ ကြေကွဲမှုအဖြစ် ရေးဖွဲ့ဆိုလို့ အလွမ်းကတ်တလောက်ထဲမှာပဲ ကဗျည်းထိုးထားလိုက်တယ်။

ခြားနားတဲ့ဘ၀တွေသာ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့မယ်ဆို စာအုပ်တွေထဲမှာပဲ မျက်ရည်မိုးတွေနဲ့အတူ ပန်းတွေသီလို့ စာစီထားခဲ့ပ့ါမယ်။

အလွမ်းညတွေမှာ စိတ္တဇဆန်စွာနဲ့ ကြယ်ဖြူတွေကြွေတိုင်း ပျော်ရွှင်ပါစေကြောင်း အဝေးတစ်နေရာကနေ တိတ်တိတ်ကလေးပဲ ဆုတောင်းပေးနေမယ်။

ပုစ္ဆာတိုင်းမှာ အဖြေဆိုတာရှိသလို စစ်မှန်တဲ့မေတ္တာတွေအတွက် အမှန်တရားဆိုတာလည်း ဒဏ္ဍာရီထဲမှာ အထင်အရှား ရှိခဲ့ပါတယ်။

မျှော်လင့်ချက်တွေကို အဆုံးသက်စေခဲ့တဲ့ ဆည်းဆာချိန်ရဲ့ ငိုရှိုက်သံနဲ့အတူ ငါ့ဘ၀ရဲ့ ညနေခင်းလေး တစ်နေ၀င်ခဲ့ရပြန်တယ်။    

1 comment:

  1. missing you in the rain
    အဲဒီ စာသားလေးကိုကြိုက်တယ်
    (တစ်ခါတစ်ရံမှာ သောကတွေနဲ့ မောပမ်းနေသူတစ်ယောက်အတွက် အရင်တုန်းကလို အနွေးထွေးဆုံး ပွေ့ကြိုပေးခဲ့တဲ့ လက်တစ်စုံကို မိုးဖွဲတွေကြား လွမ်းနေဆဲပါ)
    ပွေ့ကြိုပေးမဲ့ လက်တစ်စုံ ပြန်ရပါစေ

    ReplyDelete