1. 1. 1.

Sunday, May 13, 2012

မေမေ့မေတ္တာ

ကောင်းကင်မှာ ၀င်းလို့ပ
သာလွန်းတဲ့ လပမာ
ထာဝစဉ်ကို အလင်းရောင်ပေးတာ
မေမေ့မေတ္တာ။

ချိုသာတဲ့ အပြောတို့က
စီးဆင်းတဲ့ စမ်းရေပမာ
စိတ်နှလုံးကို အေးမြစေတာ
မေမေ့မေတ္တာ။

နွေးထွေးတဲ့ လက်အစုံက
ဘ၀ရဲ့ မီးအိမ်ပမာ
အစဉ်အမြဲကို လမ်းပြပေးတာ
မေမေ့မေတ္တာ။

ကြင်နာတဲ့ အပြုံးများက
နှလုံးသားအတွက် ခွန်အားပမာ
ယုံကြည်မှုတို့ မွေးဖွားပေးတာ
မေမေ့မေတ္တာ။

နူးညံ့တဲ့ အနမ်းများက
လန်းဆန်းတဲ့ လေညှင်းပမာ
သောကအပူတွေ ကင်းဝေးစေတာ
မေမေ့မေတ္တာ။

No comments:

Post a Comment