1. 1. 1.

Tuesday, April 17, 2012

သူငယ်ချင်းကောင်း

တစ်ယောက်ကို တစ်ယောက်
အပြစ်မြင် အပြစ်မတင်ပဲ
နားလည်အောင် ပြောပြတက်ရမယ်။

တစ်ယောက်ရဲ့အားနည်းချက်ကို
တစ်ယောက်က သိနားလည် ခွင့်လွှတ်တက်ရမယ်။

အားငယ်စရာ ကြုံလာတဲ့အခါ
မေတ္တာစိတ်နဲ့ နှစ်သိမ့်နိုင်ရမယ်။

တစ်ယောက်ကို တစ်ယောက်
တန်ဖိုးထားလေးစား စေတနာထားရမယ်။

အယူအဆ မတူမျှတဲ့အခါ
လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိရမယ်။

တစ်ယောက်ကို တစ်ယောက်
အထင်သေး နှိမ်ချတဲ့စိတ်နဲ့ လွှမ်းမိုးမှုမရှိစေပဲ
ကိုယ်ပိုင် ခံယူချက်ကိုယ်စီနဲ့
လွတ်လပ်စွာ ရပ်တည်နိုင်ရမယ်။

No comments:

Post a Comment