1. 1. 1.

Wednesday, April 4, 2012

ကျမမွေးနေ့ 3 April


(၃.၄.၂၀၁၂ ) ကျမ အသက်တစ်နှစ်ကြီးပြန်ပြီပေါ့...

ခါတိုင်းနှစ်တွေနဲ့ မတူတဲ့ ခံစားချက်မျိုးလေး ဖြစ်မိတယ်~~

တည်ငြိမ် ရင့်ကျက်တဲ့ ခံစားချက်မျိုးလေးပေါ့!!!

ကျမ မိဘနှစ်ပါးကိုလည်း ဘုရားဖူး ပို့ပေးနိုင်ခဲ့တယ် =)....

ကျမကတော့ အိမ်မှာပဲ ဘုရားတရားလုပ်ဖြစ်ပြီး မိဘနှစ်ပါးကို ရည်မှန်းဦးချလို့ အဝေးက မိဘတွေရဲ့ 
ဆုပေးသံတွေနဲ့ အတူ ကျမ ၀မ်းသာကြည်နူးခဲ့ရပါတယ် :)....

မေတ္တာအပြည့်နဲ့ မေမေ့ရဲ့ဆုပေးသံနဲ့၊ ဂရုဏာအပြည့်နဲ့ တယ်တယ့်ရဲ့ ဆုံးမစကားတွေက ကျမအတွက် အင်အားတွေဖြစ်စေခဲ့ပါတယ် ^-^....

မွေးနေ့ဆုတောင်းတွေပို့ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ် <3....

ဘာမှ မကျွေးလိုက်ရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်:(((...

နောက်တစ်ခုပျော်တာက ကျမရဲ့ ပျောက်သွားတဲ့ နာရီလေး အစားပြန်ရလိုက်တာပါ... နာရီလက်ဆောင်ပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်မိပါတယ် :))))))....

No comments:

Post a Comment